လူသားမျိုးနွယ်တွေမှာ စံချိန်ချိုးနိုင်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာ သမိုင်း မှတ်တမ်းတင်များစွာရှိပါတယ်...။ ကျွန်တော်တို့ စွမ်းရည်တွေဟာဆိုရင် သိပ္ပံနည်းကျ သတ်မှတ်ထားတဲ့ အခြေခံသဘောတရား၊ နိယာမတွေ၊ တွေကို အနည်းငယ် ခုန်ပေါက်ကျော်လွန်သွားနိုင်တယ်လို့ ပြောရင် ယုံမှာလား...ပရိသတ်ကြီး...။ ဟုတ်ပါတယ် ကျွန်နော်တို့ အချို့သော စွမ်းရည်တွေဟာဆိုရင် သိပ္ပံနည်းကျနဲ့တောင် မတိုင်းတာနိုင်ပဲ မဖြစ်နိုင်ဖူးလို့ ထင်တာတွေကို လုပ်ပြနိုင်ခဲ့တာပါ....။ ကဲ...အခုဖော်ပြမယ့် အကြောင်းအရာကိုကြည့်ပြီး ပရိသတ်ကြီးလည်း ကိုယ့်မှာ ထိုအစွမ်းအရည်ရှိမရှိ ဆန်းစစ်ကြည့်လိုက်ရအောင်....။

A4 စက္ကူကို ၇ကြိမ်ထက်ပိုသော ၈ ကြိမ်လောက်ခေါက်တာကို စမ်းကြည့်ဖို့ပါ...။ ဒါဟာ ပုံမှာပြထားရင် လွယ်ကူပေမယ့် တစ်ကယ်တမ်းလိုက်လို့ဖို့ဆိုတာကိုတော့ ခက်ခဲလှပါတယ်..။ အကယ်၍ သင်ဟာ မာကျောသော၊ ကျယ်ပြန့်သော A4 စက္ကူကို ၇ ကြိမ်ထက် ပိုပြီး ခေါက်နိုင်ခဲ့မယ်ဆိုရင် လူအများစုမလုပ်နိုင်တဲ့၊ ပင်ကိုစွမ်းရည်၊ လူသားစွမ်းရည် သင့်ဆီမှာရှိနေပြီးပဲဖြစ်ပါတယ်...။ အခုပြောမယ့် အကြောင်းအရာကတော့ စာဖတ်ပရိသတ်ကြီးလည်းသိပြီး ကြပြီးဖြစ်သလို အချိန်ရရင် ရသလို စမ်းသပ်နေတဲ့ လက်ချောင်းတွေကို ကွေးခြင်း၊ ဆန့်ခြင်းပဲဖြစ်ပါတယ်..။ လက်ချောင်းတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း ဆက်သွယ်နေပြီး တစ်ချောင်းကို ကွေးထားပြီး၊ ကျန်လေးချောင်းကိုဆန့်ထားဖို့က တစ်ကယ့်ကို မလွယ်ကူတာပါနော်...။ တစ်ကယ့်လို့ ထိုသို့လုပ်နိုင်ရင်ခဲ့လည်း လက်ချောင်းတွေကို ပြောင်းပြီး ပြုလုပ်ကြည့်ပါ...။ ဒါဟာလည်း စွမ်းရည် တစ်ခုပဲဖြစ်ပါတယ်...။ လျှာကို ပုံစံအမျိုးမျိုးနဲ့ လိပ်ပြီးခေါက်ပြနိုင်ခြင်းကလည်း အထက်မှာဖော်ပြခဲ့တဲ့ စွမ်းရည်တွေများထဲမှ အခက်ဆုံးတစ်ခုလို့ ဆိုရမှာပါနော်...။

ငယ်ငယ်တုန်းက လူကြီးတွေ၊ ကလေးတွေကို အထူးအဆန်းနေနဲ့ အံ့သြမှင်သက်သွားအောင် လုပ်ပြခဲ့တဲ့ နားရွက်ကို တွန့်ပြ၊ လှုပ်ပြခြင်းဟာလည်း လူအများစုမလုပ်နိုင်တဲ့ စွမ်းရည်တစ်ခုဖြစ်ပါတယ်...။ "ပါးစပ်ထဲကို လက်ငါးချောင်းလုံး ထိုးထည့်ပြတာတို့၊ မိမိ တံတောင်ဆစ်ကို လျှာဖြင့်ရက်ပြတာဟာလည်း" ရူးရူးကြောင်ကြာင်ဆန်တဲ့ အပြုအမူလို့ ဆိုရပေမယ့် လူ ၁၀၀မှာ ၁ ယောက်သာ လုပ်နိုင်တဲ့ ကိစ္စလို့ပဲဆိုရမှာပါ...။ အဆိုပါကိစ္စကိုတော့ လိုက်မလုပ်ဖို့ အကြံပြုပါရစေ...။ စကားပြောနေရင်း အသက်ရှူတာတို့၊ ကြက်ဥကို လက်ညှိုးနဲ့ လက်မ အပေါ်အောက်ဖိပြီး ခွဲပြခြင်း တို့ဟာလည်း ထူးခြားတဲ့ လူသားစွမ်းရည်တွေလို့ ဆိုရမှာပါ..။ ဒါတွေဟာ ခက်ခဲပြီး လွယ်လွယ်နဲ့ မပြုလုပ်နိုင်ပေမယ့် သင်ဟာတစ်ကယ့်ကို စိတ်အားထက်သန်သူဖြစ်ပြီး၊ သင်ရဲ့ လူသားစွမ်းရည်ကို ထုတ်ဖော်ပြသချင်တယ်ဆိုရင် ကြိုးစားလုပ်ကြည့်ပါ...။ ပင်ကိုယ်စွမ်းရည်ပါတဲ့ သူတွေကတော့ အလွန်ကိုရှားပါးပြီး ချွင်းချက်လို့ပြောရမှာဖြစ်ပါတယ်...။ လူတော်တော်များများဟာ ခြေဖဝါးကို အခြားလူတစ်ယောက်က ကလိထိုး၊ ကုတ်လျှင် ယားတတ်ပြီး တစ်ကယ့်လို့ မယားတတ်ဖူးဆိုရင်တော့ သင်ဟာ "အကောင်ပဲ" ဖြစ်ပါတယ်....။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။