သုတေသီများရဲ့ လေ့လာတွေ့ရှိချက်အရ၊ "kissing" ပေးချင်း "အနမ်းပေးခြင်းဟာ" များစွာသော ကောင်းကျိုးတွေရရှိခြင်းကို သက်သေပြုနိုင်ခဲ့ပါတယ်...။ စိတ်ကျေနပ်မှုရရှိစွာ "romantic" ဆန်ဆန်အနမ်းပေးခြင်းက ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုပြီး...၊"သင့်ရဲ့အသားအရေကို ထိန်းသိမ်းပေးတာမျိုး၊ အချိုးအစားပြေပြစ်ညီညာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်တာမျိုး" အစရှိတဲ့ ကောင်းကျိုးတွေရရှိစေမှာပါ....။

သိပ္ပံလေ့လာချက်အရပြောရမယ်ဆိုရင်....၊ တစ်မိနစ်ကို ရိုးရိုးတန်းတန်း နမ်းခြင်းက ကယ်လိုရီ ၂ မှ ၃အထိ လောင်ကျွမ်းစေသော်လည်း၊ "passionate kissing" ဆိုတဲ့ အသည်းအသန်နမ်းခြင်းက ကယ်လိုရီ ၅ မှ ၂၆ အထိလောင်ကျွမ်းစေတာပါနော်...။ ဒါဆိုရင် ပရိသတ်ကြီးတို့ရေ ၃၀ မိနစ်လောက် ပြင်းပြင်းထန်ထန် နမ်းလိုက်ခြင်းက ကယ်လိုရီ ၁၈၀ လောက်ကို လောင်ကျွမ်းစေမှာဖြစ်ပါတယ်...။ ဒါဟာ.... တစ်နာရီကို"၃.၅"မိုင်နှုန်းနဲ့ နာရီဝက်လောက် လမ်းလျှောက်တာနဲ့ အကျိုးရလဒ်ခြင်း တူညီတာပဲဖြစ်ပါတယ်...။

တစ်ဦးနဲ့ တစ်ဦး နှုတ်ခမ်းချင်း တေ့ပြီး နမ်းခြင်းဟာ အသက်ကြီး၍ အရေပြား တွန့်လာခြင်းကိုလည်း ကာကွယ်ပေးတာပါနော်...။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေကာ သင့်ရဲ့ သွားတွေကိုလည်း သန့်ရှင်းကျန်းမာစေတာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုရင် တံတွေးမှထွက်တဲ့ ဓာတ်များကို ဘက်တီးရီးယားပိုးများကို သဘာဝအလျောက် ဆေးကြောပေးလို့ပဲဖြစ်ပါတယ်နော်...။ တစ်ခုရှိတာက နမ်းတဲ့ နှစ်ဦးစလုံးဟာ ကျန်းမာရေးကောင်းသူတွေဖြစ်ရပြီး ကူးစက်ရောဂါ မရှိတဲ့သူတွေ ဖြစ်ဖို့တော့ အလွန်ရေးကြီးတာပါနော်...။ ကဲ..ဝိတ်ချဖို့ ခေါင်းရှုတ်နေတဲ့ပျိုမေလေးတို့ရေ....အခုပဲ အရမ်းချစ်တတ်တဲ့ ချစ်သူတစ်ယောက်ကိုရှာပြီး အချိန်မကုန် လူမပင်ပန်းတဲ့ အဆိုပါ နည်းလမ်းလေးကို အသုံးပြုလိုက်တော့နော်....။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။