"Systemic lupus erythematosus (SLE)" သို့မဟုတ် အရပ်အခေါ် "lupus" ကိုမြန်မာဘာသာဖြင့် အရေပြားလေးဘက်နာရောဂါဟု ခေါ်ပါတယ်...။ အရေပြားလေးဘက်နာရောဂါသည် ခန္ဓာကိုယ်တွင်း အလိုအလျောက် ကိုယ်ခံအား (immune)ကိုထုတ်ပေးသော ရောဂါတစ်မျိုး ဖြစ်ပါတယ်...။ ခန္ဓာကိုယ်အစိတ်အပိုင်းများရှိ ကျန်းမာသော တစ်သျှူးများအား ကိုယ်ခံအားစနစ်ကမှားယွင်းစွာ တိုက်ခိုင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ ပျက်စီးကုန်ခြင်းဖြစ်ပါတယ်...။ ရောဂါလက္ခဏာကို အနုစားနဲ့ အရင့်စားဆိုပြီးခွဲခြားနိုင်ပါတယ်..။ အများဆုံးဖြစ်သော ရောဂါလက္ခဏာများတွင် အဆစ်အမြစ်များ နာကျင်ဖောယောင်ခြင်း၊ အဖျားရှိခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပါးစပ်တွင်း အနာများပေါက်ခြင်း၊ ပါးချိတ်ယောင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မျက်နှာပေါ်တွင် အရေပြားယားယံနီမြန်းခြင်းတို့ဖြစ်ကြပါတယ်..။

အရေပြားလေးဘက်နာရောဂါဖြစ်ပွားရခြင်းကိုမူ ထင်ရှားရှင်းလင်းစွာ မသိကြရသေးပါဖူး...။ ဟော်မုန်း၊ ပတ်ဝန်းကျင်နှင့် မျိုးရိုးဗီဇများကြောင့် ဖြစ်သည်ဟုအများက ယူဆကြသည်...။ အမွှာများတွင် တစ်ယောက်က အရေပြေားလေးဘက်နာရောဂါဖြစ်လျှင် အခြားတစ်ယောက်ပါ ၂၄ % ဖြစ်နိုင်ချေ ရှိပါတယ်...။ အမျိုးသမီးဟော်မုန်း၊ ဆေးလိပ်သောက်ခြင်း၊ ဗီတာမင်ဒီ ချို့တဲ့ခြင်းနှင့် ကူးစက်ပိုးများဝင်ခြင်းကလည်း ရောဂါဖြစ်နိုင်စွမ်းကို ပိုတိုးမြင့်စေနိုင်သည်ဟု ယူဆကြတာမျိုးတွေလည်း ရှိပါတယ်...။ ရောဂါရှာဖွေခြင်းမှာ မလွယ်ကူပေ...။ ရောဂါလက္ခဏာများနှင့် ဓာတ်ခွဲခန်းအဖြေများပေါင်းစပ်ကာ ရောဂါကို အမည်တပ်ရပေသည်...။ အရေပြားလေးဘက်နာရောဂါကို ကုသရန် ဆေးမရှိတာလည်းဖြစ်ပါတယ်..။ ခုခံအားကို လျော့စေသော၊ ထိန်းချုပ်သော ဆေးဝါးများဖြင့် ကုသနည်းများသာ ခန္ဓာကိုယ်တွင်း ခုခံအားတိုးမြင့်ခြင်းကို လျော့စေပြီး ရောဂါကို တိုးပွားမလာအောင် ထိန်းထားခြင်းဖြင့်ပဲ လုပ်ဆောင်နိုင်ပါတယ်..။ အမျိုးသားများထက် အမျိုးသမီးများတွင် ရောဂါဖြစ်ပွားမှုနှုန်း ၉ ဆ ရှိတယ်လို့သိရှိရပါတယ်...။

သွေးအရေပြားရောဂါ၏ လက္ခဏာများမှာ ဖျားနာခြင်းနှင့် ရောထွေးတတ်ပါတယ်..။ များသောအားဖြင့် နာဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ကြွက်သားများနာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းများကို ရောဂါလက္ခဏာများအဖြစ်တွေ့ရတတ်ပါတယ်...။ ယောက်ျားရော၊ မိန်းမမှာပါ သွေးအရေပြားရောဂါဖြစ်ပွားမှုရှိသော်လည်း ရောဂါလက္ခဏာများမှာ ခြားနားမှု ရှိပါတယ်...။ အရေပြားလေးဘက်နာရောဂါရှိသူ ၇၀ ရာခိုင်နှုန်းခန့်တွင် အရေပြားနှင့်ပတ်သက်သော ပြဿနာများ ရှိတတ်ကြပါတယ်...။ အရေပြားလေးဘက်နာရောဂါရှိသူ ၃၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းတွင် အရေပြားယားယံ အဖုအပိန့်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်...။ အဓိကအားဖြင့် အရိုးအဆစ်နာကျင်ခြင်းများလည်း ဖြစ်ပါတယ်...။ လက်နှင့် လက်ကောက်ဝတ်အဆစ်များတွင် သက်ရောက်မှု ရှိသော်လည်း အခြားအရိုးအဆစ်များတွင်ပါ နာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်ပါတယ်..။ ငယ်ရွယ်သောအမျိုးသမီးများတွင် အရိုးပွခြင်းဖြစ်စေနိုင်ပြီး သွေးအားနည်းခြင်းသည် အရေပြားလေးဘက်နာရောဂါရှိသူ ကလေးများတွင် အများဆုံးတွေ့ရတယ်လို့ သိရှိရပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။