ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော "H5N1" ရောဂါပိုးကြောင့်လို့ပင် ဆိုရမှာဖြစ်ပါတယ်...။ ထိုရာဂါပိုးသည် အာရှတစ်ခွင်၌ ပေါ်ပေါက်နေခဲ့သည်မှာ ရှစ်နှစ်တိုင် ကြာမြင်ခဲ့ပြီဖြစ်ပါတယ်...။ ထိုရောဂါပိုးနှင့် ထိတွေ့မိသော လူသားများအဖို့ အသက် အန္တာရာယ် ဆုံးရှုံးရသည်အထိပင် ကြောက်မက်ဖွယ် ကောင်းလှပါတယ်...။ တုပ်ကွေးရောဂါပိုးဆိုတာက တော့ အားလုံးပဲသိပြီး ကြပြီဖြစ်မှာပါ...။ တုပ်ကွေးရောဂါဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတစ်မျိုးပင်ဖြစ်ပါတယ်...။ တုပ်ကွေးရောဂါပိုးများကို အေ၊ ဘီ (သို့မဟုတ်) စီ ဟု အမျိုးအစားခွဲခြားသတ်မှတ်လေ့ ရှိပြီး "အေ" ဗိုင်းရပ်စ်ပိုးသည် ဘဲများ၊ ကြက်များ၊ ဝက်များ၊ ဝေလငါးများနှင့် လူသားများကို အများဆုံး ကူးစက်နိုင်ပြီး အန္တာရာယ်အရှိဆုံး ဗိုင်းရပ်စ်ပိုးလို့ သတ်မှတ်ရမှာပါ...။ ၎င်းတို့ကို မျက်နှာပြင်ပေါ်၌ ပေါ်ထွက်နေသော ပရိုတင်းအမျိုးအစားများအရ ခွဲခြားသတ်မှတ်လို့ ရတာပဲဖြစ်ပါတယ်...။

ဤဗိုင်းရပ်စ်ပိုး H5N1သည် အခြားအခြားသော တုပ်ကွေးဗိုင်းရပ်စ်များနှင့် လုံးဝမတူချေ...။ ကူးစက်ခံရသူ၏ အဆုတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ထိုးနှက်လေ့ရှိပြီး အထူးသဖြင့် လူကိုသေစေနိုင်လောက်သည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေပါတယ်...။ ရောဂါ လက္ခဏာများအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရှိရပြီး ၄၈ နာရီအတွင်း ကာကွယ်ဆေးကို အသုံးပြုရမည် ဖြစ်ပါတယ်...။ နောက်ဆုံးတွင် ဤတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကောင်းဆုံးလုပ်ငန်းစဉ်မှာ ရောဂါရှင်များကို ကုသရန်ထက် ကြိုတင်၍ ကာကွယ်ထားရန်တိုက်တွန်းနှိုးဆော်ရပေမည်...။ လွန်ခဲ့သော စမ်းသပ်ချက်များအရ ကာကွယ်ဆေးကို တစ်လအတွင်း နှစ်ကြိမ်ခွဲ၍ ထိုးပေးခြင်းက အကောင်းဆုံးလုပ်ဆောင်ချက်ပင် မည်ပေသည်...။

ရာသီအလိုက် ဖြစ်ပွားတတ်သော သာမန်တုပ်ကွေးရောဂါ မိမိတွင် မဖြစ်ရလေအောင် အနေအထိုင်ဆင်ခြေရမှာပါ။ ဆရာဝန်က ကာကွယ်ဆေးထိုးရန် လိုအပ်သည်ဟု ညွှန်ကြားပါက မပျက်မကွက် လိုက်နာရပါမည်...။ အရေးကြီးသော အချက်တစ်ချက်မှာ "H5N1" ဗိုင်းရပ်စ်ပိုးသည် ၇ဝ ဒီဂရီစင်တီဂရိတ်တွင် သေဆုံးပါတယ်...။ ထို့ကြောင့် မိမိ စားသောက်မည့် ကြက်၊ ဝက်သားများကို စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးသင့်တာဖြစ်ပါတယ်..။ H5N1 ဗိုင်းရပ်စ်ပိုးသည် အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုးများကဲ့သို့ အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်ပြီး လေထဲမှတစ်ဆင့်ကူးစက်နိုင်ပါတယ်...။ လူသားတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်မှုမှာ ယိုးဒယားနိုင်ငံမှ မိခင်တစ်ဦးတည်း၌သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်...။ အကယ်၍ H5N1 ဗိုင်းရပ်စ်ပိုးသည် သန္ဓေ မပြောင်းဘဲ ကူးစက်မှု ပိုမိုဖြစ်ပွားလာပါက အဆိုပါ ဗိုင်းရပ်စ် ရောဂါပိုးသည် အရှေ့တောင်အာရှတွင် နေထိုင်သူများအတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ်ဆက်လက် တည်ရှိနေလိမ့်မည်။ ဤအခြေအနေ နှစ်မျိုးအနက် မည်သည့်အခြေအနေမျိုးတွင်မဆို သိပ္ပံပညာရှင်များသည် ယခင်က မရှိခဲ့ ဖူးသေးသော နည်းစနစ်သစ်များ၊ လက်နက်ကိရိယာများကို ရရှိထားကြပြီ ဖြစ်သောကြောင့် ထိုနည်းစနစ်များနှင့် ရောဂါအန္တာရာယ်ပိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမလာအောင် တားဆီးပေးနိုင်လိမ့်မည်သာ ဖြစ်ပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။