၂၁ရာစုအိုင်တီခေတ်ကြီးထဲမှာ တစ်စုံတစ်ယောက်က နာကျင်မှုတွေခံစားရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်နေရာရာက နေမထိထိုင်မသာဖြစ်တယ်ဆိုရင်၊ များသောအားဖြင့် သူတို့တွေက Online မှာပဲ ရောဂါလက္ခဏာကိုရှာကြပြီး..ဘာကြောင့်ဖြစ်ရလည်းဆိုတာကိုပါ လွယ်ကူစွာ ရှာဖွေလေ့လာကြတာဖြစ်ပါတယ်...။ တစ်ခါတစ်ရံမှာတော့ ထိုရှာဖွေရေးနည်းလမ်းက သူတို့တွေရဲ့ ရောဂါ အပေါ် ထားတဲ့ သံသယ တွေကို လွယ်ကူစွာ ရှင်းလင်းသွားစေတာဖြစ်ပါတယ်..။ များစွာသောသူများက "သိနေပြီးသားဆိုတာ"တောင်မှ...ထိုရောဂါလက္ခာဏာနဲ့ပတ်သက်၍ online မှာ အထူးကျွမ်းကျင်သူများက ရေးသားဖော်ပြထားသေးတယ်ဆိုရင် ထိုစာတွေ၊ သတင်းတွေကို ဖတ်နေကြသေးတာဖြစ်ပါတယ်...။

"Cyberchondria" လို့ဆိုတဲ့ အဖြစ်အပျက်ဟာဆိုလျှင်...၊ လူတွေက "သူတို့ကိုသူတို့ online၊ website တွေမှာရှာဖွေမှုအပေါ် ယုံကြည်ချက်တွေ လွန်ကဲလာပြီး....၊ ထပ်ခါထပ်ခါ google ခေါက်တာတွေက အကျင့်တစ်ခုအနေနဲ့ ဖြစ်တည်လာတာပါ.."။ အများအားဖြင့် "ကျန်းမာရေး လက္ခာများ"ကို အခြေခံနည်းကျကျ ရှာဖွေကြပြီးသူတို့ကိုယ်တိုင် ရောဂါအမျိုးအမည်များကို ဖော်ထုတ်လာတာဖြစ်ပါတယ်..။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုကို အစပျိုးစေတာလို့ဆိုရမှာပါ...။

"Cyberchondria" ကြောင့် စိုးရိမ်ကြောင်းကြမှု တွေကိုဖြစ်ပေါ်လာစေတာပါ...။ အခုခေတ်မှာဆိုရင် google ခေါက်ခြင်းဖြင့်....ဆရာဝန်နဲ့ လူနာတွေရဲ့ "အချင်းချင်းနားလည်မှု" လို့ဆိုရမယ့် ဥပမာတစ်ခု...."Brain tumor ရှိတဲ့သူဆိုရင် ခေါင်းကိုက်တာနဲ့ ပတ်သက်တဲ့ ဝေဒနာခံစားရမယ်ဆိုတာ"ကို အလိုအလျောက် ဖော်ပြပေးနေတာပါ...။ "Cyberchondria" ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ "မိမိကိုယ်ကို ရောဂါ ရှာဖွေမှုတွေ အပေါ် လွန်ကဲပြီး၊ သံသယစိတ်တွေ ဖြစ်ပေါ်လာစေတာပါ.."။ ပြင်းထန်သော ရောဂါဝေဒနာခံစားနေရတယ်လို့ သံသယစိတ်တွေ များလာပြီး စိတ်ရှုပ်ထွေးစေကာ မိမိလက်ရှိ ဘဝကိုပါ ထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်..။ "Cyberchondria" မဖြစ်စေရန် နည်းလမ်းကတော့ ရောဂါတစ်ခုခုရှိတယ်လို့ ခံစားလာရပြီဆိုလျှင် online၊ website တွေမှာရှာတာထက် မိမိပတ်ဝန်းကျင်၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိဘတွေနဲ့ အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်...။ မိမိဖြစ်နေတဲ့ ရောဂါဝေဒနာကို ကြိတ်ခံစားမနေပဲ ဆရာဝန်နဲ့ ပြသခြင်းဖြင့်လည်း "Cyberchondria" ဖြစ်ခြင်းမှ ကာကွယ်နိုင်မှာပါ..။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။