ကျန်းမာရေးလေ့လာမှုတွေကို အစဉ်အဆက်ပြုလုပ်နေသူများ နေထိုင်ရာ " United Kingdom" မြို့မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ပါးစပ်ကျန်းမားရေးနှင့်သက်ဆိုင်သော တွေ့ရှိချက်တစ်ခုကိုသတင်းထုတ်ပြန်ခဲ့တာပါ...။ သွားဖုံးနာကျင်တာတို့၊ သွားဖုံးသွေးယိုစီးခြင်းဖြစ်တာတို့၊ သွားတွေမခိုင်ဘဲ လျော့တိလျော့ရဲ ဖြစ်တာတို့ဆိုရင် အသည်းကင်ဆာ "၇၅" ရာခိုင်နှန်း၊ ဖြစ်ပွားမှုနှုန်းကို မြှင့်တင်ပေးစေတဲ့ ကျန်းမာရေးနောက်ဆက်တွဲ ပြသနာများကိုတွေ့ရှိခဲ့တာပါ...။

အရင်လေ့လာတွေ့ရှိမှုတွေနဲ့၊ ယခုစမ်းသပ်လေ့လာချက်များအရ "သွားဖုံး" နှင့် "သွား"တို့ရဲ့ မကျန်းမာမှုများက ရေရှည်ကျန်းမာရေးဆိုးရွားချက်များကို ဖြစ်ပေါ်စေပါတယ်....။ ပါဝင်နေတာတွေကတော့ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့်၊ အချို့ သောကင်ဆာရောဂါများပင်ဖြစ်သည်..။ ခွဲခြမ်းစိတ်ဖြာလေ့လာချက်များအရ ခံတွင်းကျန်းမာရေးနှင့် အစာအိမ်အူလမ်းကြောင်း ကင်ဆာများ၏ဆက်နွယ်မှုအန္တာရာယ်များကိုလည်း များစွာ လေ့လာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်...။

ခံတွင်းမသန့်ရှင်းခြင်း၊ ပါးစပ်ညစ်ပတ်ခြင်းတို့ကြောင့် "hepatocellular carcinoma" ကိုဖွံ့ဖြိုးစေပြီး ကင်ဆာရောဂါဖြစ်ပွားမှု "၇၅" ရာခိုင်နှုန်းကိုအစပျိုးစေတာပါ...။ အသည်းမှာ အများဆုံးဖြစ်တာကိုတွေ့ရှိရပါတယ်....။ အမေရိကန်ကင်ဆာ လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (ACS) ၏အဆိုအရ၊ "United States" မှာအသည်းကင်ဆာဖြစ်ပွားမှုနှုန်းဟာ "1980 ခုနှစ်ကတည်းကစပြီး သုံးဆထက်မနည်း" တိုးပွားလာတာဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးတို့အနေနဲ့ ထိုကဲ့သို့ ဆိုးရွားသော ကျန်းမာရေး နောက်ဆက်တွဲ အန္တာရာယ်များမဖြစ်ရအောင် ခံတွင်းသန့်ရှင်းရေး၊ သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြိုလိုက်ခြင်း၊ သွားခိုင်ခံ့ရေးတို့ကို အထူးဂရုပြု၍ ဆောက်ရွက်ကြရမှာပါ...။ ကျန်းမာရေးဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးလိုက်ပါတယ်..။

Source MEDICAL NEWS TODAY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။