ကာလသားရောဂါသည် များသောအားဖြင့် မေထုန်မှီဝဲရာမှစ၍ဖြစ်ပေါ်လာသော ကူးစက်တတ်သည့်ရောဂါတစ်မျိုးလို့ဆိုရပေမည်...။ ကာလသားရောဂါ အမျိုးမျိုး အစားစား ရှိသည့်အနက် ပို၍ အရေးတကြီး ကာကွယ်တားဆီးဂရုစိုက်ရမည့် ရောဂါများမှာ ဆစ်ဖလစ်နှင့် ဂိုနိုညောင်းကျ ရောဂါတို့ပင်ဖြစ်သည်..။ "ကာလသားရောဂါ"ဆိုတဲ့အတိုင်း အမျိုးသားတွင်သာ ဖြစ်နိုင်တာမဟုတ်ပဲ...၊ အမျိုးသမီးများတွင်ပါကူးစက်တတ်စေပါတယ်...။ အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်းဟာ ထိုရောဂါမျိုးတွေကို အတတ်နိုင်ဆုံးတားဆီးပေးနိုင်မှာဖြစ်ပါတယ်....။

ဆစ်ဖလစ်ရောဂါ ဖြစ်ရခြင်းမှာ "စပိုင်ရိုခီပိုး" ကြောင့်ဆိုရပေမည်....။ ယင်းပိုးသည် အရေပြား၊ သို့မဟုတ် ကျိချွဲမြှေးများ ပွန်းပဲ့ရာမှ လူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်သွားတာဖြစ်ပါတယ်။ မေထုန်မှီဝဲခိုက်တွင် အများဆုံး ကူးစက် ဝင်ရောက်တတ်တာပဲဖြစ်ပါတယ်...။ ထို့အပြင် ရောဂါရှိသူ၏ နှုတ်ခမ်းချင်း စုတ်မိသောကြောင့်၎င်း၊ ယင်းတို့အသုံးပြုထားသည့် ပန်းကန် ခွက်ယောက်၊ မျက်နှာသုတ် ပဝါ စသည့် အသုံးအဆောင်ပစ္စည်းကို သုံးစွဲမိသောကြောင့်၎င်း ဆစ်ဖလစ်ရောဂါပိုး ကူးစက်တတ်စေပါသည်....။ ထိုရောဂါပိုးကို မကုသဘဲ ကြာရှည်စွာ ဒီအတိုင်းထားမည်ဆိုလျှင် " အာခေါင်ရိုးပေါက်ခြင်း၊ အသည်း သို့မဟုတ် အရေပြားပေါ်၌ အနာဆိုးများ ပေါက်ခြင်း၊ နှာခေါင်းရိုး ကျိုးသွားခြင်းများ ဖြစ်တတ်ပြီး ဦးနှောက်၊ သွေးကြော၊ နှလုံးနှင့် ဗဟိုအာရုံကြောစု စတာတွေကိုပါ ထိခိုက်စေတာမလို့ လူကြီးမင်းတို့အနေနဲ့ အထူးဂရုပြု၍ ရှောင်ကြဉ်တားဆီးကြရမှာပါ...။ ဆစ်ဖလစ်ရောဂါကို ကုသရာ၌ ခန္ဓာကိုယ်ထဲရှိ စပိုင်ရိုခိပိုးများကို ပဋိဇီဝဆေးများသုံး၍ သုတ်သင် ရှင်းလင်းပစ်ရမည်ဖြစ်သည်...။ အသုံးအများဆုံးဆေးကတော့ ပင်နီဆီလင် ဆေးများပင်ဖြစ်သည်...။

"ဂိုနိုရီယာ"ခေါ် ဂိုနိုညောင်းကျ ရောဂါမှာမူ ဂိုနိုကော့ကတ်ပိုးကြောင့် ဖြစ်သည်။ ဤရောဂါသည် အင်္ဂါဇာတ်နှင့် အင်္ဂါဇာတ်အနီးရှိ အင်္ဂါအစိတ်အပိုင်းများနှင့်သာ သက်ဆိုင်သည့် ရောဂါမျိုးဖြစ်ပါတယ်...။ "ဂိုနိုညောင်းကျနာ"လို့လည်း ခေါ်ဝေါ်ပြီး နာတာရှည်လာသောအခါ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး အဆစ်အမြစ်ရောင်ခြင်း၊ နှလုံးသားများရောင်ခြင်း စသည်တို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်...။ ဂိုနိုညောင်းကျရောဂါရှိသော မိခင်များမှ မွေးဖွားသည့် မွေးကင်းစ ကလေးများသည် ဂိုနိုရီယားပိုးကြောင့် မျက်စိကန်းတတ်သည်။ ကလေးများကို မျက်စိကန်းခြင်းမှ ကာကွယ်နိုင်ရန် "ဆီလဗာနိုက်တြိတ်"ခေါ် မျက်စဉ်းတစ်မျိုးကို မွေးလျှင်မွေးချင်း ခတ်ပေးရမည်ဖြစ်သည် ဂိုနိုညောင်းကျနာကိုကုသရာ၌ ဆာလဖာဆေးနှင့် ပင်နီဆီလင်ဆေးများကို သုံးကြသည်။ စာဖတ်ပရိသတ်ကြီးရေ.... "ကာလသားရောဂါ"၊ "ဆစ်ဖလစ်ရောဂါ" နှင့် "ဂိုနိုညောင်းကျနာ" ရောဂါများသည် မျိုးပွားအင်္ဂါများကို အန္တရာယ်ကြီးစွာ ပေးတတ်သောကြောင့် မျိုးဖျက်ရန်သူဟူ၍ပင် ခေါ်စမှတ်ပြုရမည်...။ ဤကဲ့သို့လူမျိုးပြုန်းတီးစေသော ရောဂါဆိုးမှ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ မိမိခင်ပွန်း၊ ဇနီးသည်နှင့်မှတစ်ပါး မေထုန်မှီဝဲခြင်း၊ လိင်ဆက်ဆံခြင်းတို့ကို ရှောင်ကြဉ်ရန်ဖြစ်ပေသည်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။