လျှာမှာ မကောင်းတဲ့အရသာ ခံစားရလာပြီဆိုရင် ဒါဟာရောဂါလက္ခဏာတစ်ခုခုကို ဖော်ပြနေတယ်လို့သိရပါတယ်..။ ထိုလက္ခဏာဟာ အန္တာရယ်ကင်းနိုင်သလို၊ ဒါမှမဟုတ် ဆိုးဆိုးဝါးဝါးကိစ္စကိုလည်း ရည်ညွှန်းနေပါသေးတယ်...။ ခါးတာတို့၊ ချဉ်တာတို့၊ သတ္တုနှင့်ဆိုင်သော အရသာသို့မဟုတ် ချိုသော အရသာတွေဟာ ထိုရောဂါ လက္ခာဏာများဖြစ်ရခြင်း ကိုဖော်ပြနေတဲ့ အရသာတွေနဲ့ အတော်တော်များသက်ဆိုင်နေပါတယ်...။ အခုလိုတင်ဆက်ပေးတာဟာ အစားအသောက်၊ အနေအထိုင်တို့နဲ့ ပတ်သက်၍ ကောင်းတဲ့ အကြံဉာဏ်များရရှိအောင် ဝေမျှပေးတာဖြစ်ပြီး...၊ အရင်စားသောက်ခဲ့တာတွေနဲ့ ပတ်သက်၍ ဘယ်လိုအရသာခံစားလာရလည်းဆိုတာ ရှင်းရှင်းလင်းလင်းသိရှိစေရန်ဖြစ်ပါတယ်...။ ခံတွင်းမကောင်းတာနဲ့လည်း ရောဂါဝေဒနာတွေက ဆက်စပ်နေလို့ဖြစ်ပါတယ်..။

ပါးစပ်အတွင်းမှာ မက်ခရုနာများဖြစ်လာရခြင်းက "ပါးစပ်ကိုဆိုးရွားစွာထိခိုက်စေပြီး" ၊ "အဖြူစက်တွေဟာ လည်ချောင်းနဲ့ လျှာ" မှာ ထွက်ပေါ်လာပါတယ်...။ ထိုအရာက ကူးစက်ရောဂါဖြစ်ပြီး "Candida Albicans" ဆိုတဲ့ ဘက်တရီးယားကြောင့်ဖြစ်ပေါ်လာစေတာပါ...။ ထိုဘက်တရီးယားတွေက သင့်ရဲ့ ပါးစပ်အတွင်းမှာ အလိုအလျောက်ပေါက်ရောက်ပြီး လူကြီးမင်းတို့ရဲ့ ခုခံအားနဲ့သက်ဆိုင်နေပါတယ်..။ အကြောင်းအားဖြင့်...၊ လူကြီးမင်းတို့ရဲ့ ခုခံအားကကျဆင်းလျှင် ထိုဘက်တရီးယားပိုးတွေက လျှင်မြန်စွာ မျိုးပွားလာပြီး ကူးစက်ရောဂါကို ဖြစ်စေနိုင်ပါတယ်..။ လည်ချောင်းမှာ အဖြူရောင် အစက်အပြောက် များ ထွက်ပေါ်ခြင်းမှသာလျှင်မဟုတ်ဘဲ၊ အခြားရောဂါလက္ခာဏများကြောင့်လည်း မကောင်းတဲ့ အနံ့အသက်၊ မကောင်းတဲ့ အရသာများကို ခံစားစေမှာပါ...။

အမျိုးသမီးတို့ အနေနဲ့ ကိုယ်ဝန်ဆောင်ရလျှင်လည်း ပါးစပ်ကနေ၊ အရသာမကောင်းတဲ့ ခံစားချက်တစ်ခုခုကို ခံစားရစေမှာပါ..။ သို့သော်ဒါဟာ ကောင်းတဲ့ လက္ခာတစ်ခုလို့ဆိုရမှာပါ...။ "ဇင့်သတ္တုဓာတ်များ" ပါကလည်းလျှာမှာ အစက်အပြောက်တွေပေါ်လာစေပြီး ခံတွင်းအနံ့ မကောင်းသလို ဖြစ်စေမှာပါ..။ "ဇင့်ဓာတ်"ကို သင့်တင့်မျှတအောင် စားသုံးခြင်းဖြင့် စာဖတ်ပရိသတ်တို့ရဲ့ ခံတွင်းကို ပုံမှန်အတိုင်း ပြန်လည်ရှင်းလင်းစေမှာပါ..။ သွေးချို၊ ဆီးချိုဖြစ်ရင်လည်း ခံတွင်းကနေမကောင်းတဲ့ အရသာတစ်ခုခုကို ရရှိစေပြီး ကြိုတင်ကာကွယ်ကြရမှာပါ...။ စိတ်ဖိစီးမှုများရင်လည်း မကောင်းတဲ့ အရသာတွေဖြစ်လာစေလို့ အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်နေကြပါနော် ပရိသတ်ကြီးရေ...။ ဒါ့အပြင် သွားမှာလည်း ပိုးမွှားများစွာ ရှိနေနိုင်တာမလို့ နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် နည်းစနစ်ကျစွာ သွားတိုက်ပြီး ခံတွင်းသန့်ရှင်းအောင် နေခြင်းဖြင့် ကျန်းမာတဲ့ဘဝကြီးကိုရရှိစေနိုင်မှာပါ..။ ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် ပုံရိပ်တွေနဲ့တကွ တင်ဆက်ပြသပေးတာဖြစ်ပြီး ဆေးသောက်လို့ ခါးတဲ့အရသာ ဖြစ်လာရင်တော့ ဒါဟာ ရောဂါ လက္ခဏာလို့ မဆိုနိုင်ပါဖူးနော်..။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။