စာဖတ်ပရိသတ်ကြီးရေ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ သွေးခဲခြင်းမဖြစ်ရလေအောင် တားဆီးနိုင်မည့်နည်းလမ်းများပင်ဖြစ်ပါတယ်...။ သွေးခဲခြင်းကြောင့် နောက်ဆက်တွဲ ရောဂါများဖြစ်လာနိုင်ပါတယ်...။ ကျွန်နော်တို့ရဲ့ အဆုတ်နှင့်၊ နှလုံးတို့ကို ပြင်းထန်သည့် နောက်ဆက်တွဲရောဂါများဖြစ်လာစေပါတယ်...။ Tv နှင့် Computer ရှေ့တို့တွင် အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကို ပြင်းစွာ ဒုက္ခ တွေ့စေပြီး သွေးခဲခြင်းဝေဒနာများဖြစ်လာစေနိုင်ပါတယ်...။ သွေးခဲခြင်းမဖြစ်ရလောင် စားသောက်နေထိုင်နည်းတို့ကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်....။

ပထမဦးဆုံးအချက်က အဝတ်အစားတွေ ဝင်ဆင်တဲ့အခါမှာ မိမိတို့နဲ့ သက်သောင့်သက်သာ ဖြစ်စေမည့် အဝတ်အထည်များကိုသာ ရွေးချယ်ဖို့လိုအပ်ပါတယ်...။ အရမ်းကြပ်လွန်းတဲ့ အဝတ်အထည်..၊အထူးသဖြင့် ဘောင်းဘီတွေကို မဝတ်ဖို့တိုက်တွန်းပါရစေ...။ ဒုတိယ အနေနဲ့ကတော့ ရေချိုးကြတဲ့ အခါ ဆားခါနှင့် ရေနွေးစိမ်ပြီး ချိုးပေးခြင်းဖြင့်လည်း သွေးခဲတာကိုမဖြစ်စေပဲ အညောင်းအညာပြေကာ...၊ လူကြီးမင်းတို့ကို သက်သောင့်သက်သာ ဖြစ်စေမှာပါ.....။ မနက်လမ်းထလျှောက်ခြင်း၊ ပြေးခြင်း....စတဲ့ လေ့ကျင့်ခန်းတွေကိုလည်း စိတ်လိုလက်ရနဲ့ အချိန်မှန်မှန် ဇွဲရှိရှိနဲ့လုပ်ပေးသင့်ပါတယ်...။ ပရိသတ်တို့ကားမောင်းတဲ့အခါမှာ အချိန်ကြာမြင့်စွာ မောင်းနှင်တာကလည်း အညောင်းမိပြီး ခန္ဓာကိုယ်ရှိ သွေးလည်ပတ်မှုတို့ထိခိုက်စေကာ သွေးခဲခြင်းကို ဖြစ်စေပါတယ်...။ ဒါကြောင့်မလို့ အဝေးပြေးလမ်းမပဲဖြစ်ဖြစ်၊ အမြန်လမ်းမကြီးမှာပဲဖြစ်ဖြစ် ၂နာရီ လောက်တစ်ခါ ကားပေါ်က ဆင်းပြီး ခါးဆန့်၊ ခါးကွေး လှုပ်ရှားမှုလေးလုပ်ပေးသင့်ပါတယ်နော်...။ သွေးခဲ၊ သွေးပြစ်တာတွေကြောင့် သွေးတိုးရောဂါဖြစ်လာနိုင်တာမလို့ ကြက်သွန်ဖြူ၊ နနွင်းတို့ကို စားသုံးခြင့်ဖြင့်လည်း ခန္ဓာကိုယ် အဆီကျစေပြီး သဘာဝအတိုင်းနုပျိုလှပစေမှာပါ...။

ခြေချောင်း၊ ခြေကျင်းဝတ်တို့ကို လှည့်ခြင်း၊ လိမ်ပေးခြင်းတို့ကိုလည်း မကြာခဏဆိုသလို ပြုလုပ်ပေးကြရမှာပါ...။ "stockings" ဝတ်ခြင်းဟာလည်း သွေးလည်ပတ်မှုကို ထိန်းညှိစေပြီး သွေးခဲခြင်းကို ကာကွယ်စေပါတယ်...။ ခြေထောက်ကို အိပ်နေရင်းနဲ့ နံရံကို ကန်ထားတဲ့ အတိုင်းပြုလုပ်ခြင်းဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး...၊ ခြေထောက်ကို ချိတ်ထိုင်ခြင်းကိုတော့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်....။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေး ဗဟုသုတဖြစ်ဖွယ် လွယ်ကူစွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ပုံရိပ်လေးတွေနဲ့တကွ ထုတ်ဖော်ပြသပေးလိုက်ပါတယ်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။