ခေတ်ပညာတိုးတက် လာတာနဲ့အမျှ အသိပညာ အတတ်ပညာတွေလည်း များစွာ တိုးတက်လာနေကြပါပြီ။ သကြားဟာ လူတွေနဲ့ ကင်းကွာလို့ မရနိုင်ပါဘူး ။လူတွေ နေ့စဉ်စားသုံးနေကြတဲ့ အစားသောက်တွေ ထဲမှာ သကြားဟာ နေရာယူလို့ နေပြန်ပါတယ်။ ဒါပေမဲ့ သကြားကို ရှောင်လွဲလို့မရသလို သကြားကို အလွန်အကျွန် စားသုံးဖို့လည်း မသင့်တော်ပါဘူး။ သကြားဟာ ဆိုးကျိုးတွေကို ပေးပါတယ်။ ဘယ်လို မျိုးတွေ ကို ဖြစ်စေလဲ ဆိုတော့ သကြားစားသုံးတဲ့ လူတွေဟာ အဲဒီသကြားကိုပဲ နေ့စဉ်စားချိန်စိတ် ဖြစ်ပေါ်စေတယ်။ပြီးတော့ သကြားများစွာ စားသုံးတဲ့ သူတွေဟာ ပျင်းရိ နွမ်းနယ်ခြင်းတွေ ကိုဖြစ်ပေါ်စေတယ် ၊ပြီးတော့ အသားအရေမွေးခြောက်ခြင်းတွေ ဖြစ်ပေါ်လာမယ် အမျိုးသမီးတွေ အတွက်တော့ တစ်ကယ်ကို ရှောင်ကြည် သင့်ပါတယ်။ အလှပရေးရာ ကိုဦးစားပေးတဲ့ အမျိုးသမီးတွေ အတွက် တစ်ကယ်ကို ရှောင်ကြည်သင့်ပါတယ်နော်။  

အသက် ၃၀ ကျော်လာတာနဲ့ အမျိုးသမီးများစုဟာ ခန္ဓာကိုယ် အလေးချိန်တွေ များလာကြပါတယ်။ ဒီလို ခန္ဓာကိုယ်အလေးချိန်များခြင်းဟာလည်း သကြားစားသုံးမှု ပါဝင်နေတာကြောင့်လည်း ဆက်စပ်နေပါတယ်။ မိမိရဲ့ စိတ်တွေဟာလည်း အဆိုးမြင်ဝါဒ တွေများလာနိုင်ခြေ ရှိနေပါတယ်။ တစ်ယူသန်စိတ်တွေလည်း များလာစေ ပါတယ် ပြီးတော့ မှတ်ညဏ်အားကိုလည်း နည်းလာစေနိုင်ပါတယ်။ သကြားကိုစွဲမြဲစွာစားသုံးနေတဲ့ လူတစ်ယောက်ဟာ ဆိုရင် အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်လိုအချိုမျိုးကိုမှ သူ့အတွက် လုံလောက်တယ်လို့ မခံစားရတော့ပါဘူး အချိုကို စားပြီးရင်း စားရင်း ဝရင်းဝရင်းနဲ့ သံသာရာလည် နေတော့တာပါပဲ။ 

ဒီလိုအချက်တွေက သကြားများများ စားသုံးသူတွေ ဖြစ်လေ့ရှိတဲ့ အတွက် တစ်ကယ်ကို ရှောင်ကြည်သင့်တယ် မဟုတ်ပါလား။ အိုမင်းခြင်းတွေကို ကာကွယ်ဖို့ အသားရည်ခြောက်သွေ့ခြင်း တွေကနေ ကင်းဝေးစေဖို့ သကြားစားတာကို တတ်နိုင်သမျှ ရှောင်ကြည်ကြဖို့ တိုက်တွန်းအပ်ပါတယ်ရှင့်

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။