1. အကြင်​နာ​ပေးခြင်​းက သင်​၏သွားကျန်​းမာ​ရေး​ကို​ကောင်​းမွန်​​စေပါတယ်​

သု​တေသနပြုလုပ်​ချက်​တစ်​ခုအရဆိုလျှင်​ အကြင်​နာ​ပေးတဲ့အခါ ထွက်​လာတဲ့တံ​ထွေးဟာ သင်​့ရဲ့သွားကျန်​းမာ​ရေးကို အ​ထောက်​အကူပြုတယ်​လို့​ပြောပါတယ်​။ ဒါ​ကြောင်​့ အကြင်​နာ​ပေးခြင်​းဟာ သင်​့ရဲ့သွားဖုံးကျန်​းမာ​ရေးကို အ​ထောက်​အကူပြုပြီး သွားဆရာဝန်​ဆီ ခဏခဏမသွားရ​အောင်​ စွမ်​း​ဆောင်​​ပေးနိုင်​တယ်​လို့ဆိုပါတယ်​။

2. အကြင်​နာ​ပေးခြင်​းက ဘဝမှာ အသက်​ရှည်​ရှည်​နဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေ​စေနိုင်​ပါတယ်​။

မနက်​တိုင်​းကိုယ်​ခ​ျစ်​တဲ့သူကိုအမြတ်​တနိုး နမ်​းပါသလား။

ကိုယ်​့ချစ်​ရတဲ့သူကို မြတ်​မြတ်​နိုးနိုးတစ်​ခါနမ်​းတိုင်​း အသက်​ ငါးနှစ်​တိုးတယ်​လို့ သု​တေသနပြုလုပ်​ချက်​အရ​တွေ့ရှိရပါတယ်​​နော်​။

3. အကြင်​နာ​ပေးခြင်​းက ၀ိတ်​ကိုကျ​စေပါတယ်​။

သင်​သိပါသလား။ သင်​သိပ်​ချစ်​တဲ့သူကို ဖွဖွ​လေးတစ်​ခါနမ်​းရင်​​တောင်​ ၆ ကယ်​လိုရီက​နေ ၁၂ကယ်​လိုရီအထိ​လောင်​ကျွမ်​းတတ်​တယ်​ ဆိုတာ။ ဒီထက်​့များ နည်​းနည်​း အရှိန်​ပြင်​းမယ်​ဆိုရင်​​တော့၊ ၀ိတ်​ပိုကျတာ​ပေါ့လို့။

4. အကြင်​နာ​ပေးခြင်​းက ကိုယ်​့ကိုကိုယ်​ယုံကြည်​မှုတိုး​စေပါတယ်​။

ကိုယ်​ကအချစ်​ခံရတာပဲဖြစ်​ဖြစ်​၊ ကိုယ်​ချစ်​တဲ့သူကို အကြင်​နာ​ပေးတဲ့​နေရာမှာ ကိုယ်​့ကိုကိုယ်​ အထင်​ကြီး​လေးစားလာပြီး ယုံကြည်​မှုလည်​း တဖြည်​းဖြည်​းတိုးလာတယ်​လို့ဆိုပါတယ်​။ ဒါ​ကြောင်​့ စိတ်​ဓာတ်​ကျတာ စိတ်​ပင်​ပန်​းတာဖြစ်​​နေရင်​​တော့ ချစ်​တဲ့သူကို အာဘွားကြီးကြီးသာ​ပေးလိုက်​ပါ။ ဘယ်​ကမှန်​းမသိတဲ့ခွန်​အား​တွေ ရလာပါလိမ်​့မယ်​။

5. အကြင်​နာ​ပေးတာက သင်​့ရဲ့ နှလုံးအတွက်​​ကောင်​းပါတယ်​။

​လေ့လာ​တွေ့ရှိချက်​အရ အကြင်​နာတစ်​ခါ​ပေးရင်​ နှလုံးခုန်​နှုန်​းမြန်​လာပြီး ​သွေးလည်​ပတ်​မှုကိုမြင်​့တက်​​စေကာ နှလုံးကျန်းမာ​ရေးအတွက်​​ကောင်​းပါ​စေတယ်​လို့ဆိုပါတယ်​။ နှလုံးခုန်​နှုန်​းအမြန်​ဟာ လမ်​း​အမြန်​လျှောက်တာ စက်​ဘီးစီးအားကစားလုပ်​နှုန်​းနဲ့သွားညီတယ်​လို့ဆိုပါတယ်​။

6. အကြင်​နာ​ပေးတာက စိတ်​ဖိစီးမှု​ပြေ​ပျောက်​​စေတယ်​။

အထက်​က​ပြောခဲ့သလိုပါပဲ၊ ချစ်​သူနဲ့ အကြင်​နာ​ပေးတဲ့အချိန်​မှာ အရာအားလုံး​မေ့​ပျောက်​ပြီး စိတ်​ဖိစီးမှု​တွေ​ပြေ​ပျောက်​တယ်​လို့ဆိုပါတယ်​။

7. အကြင်​နာ​ပေးတာက နာကျင်​မှုကို​လျော့ကျ​စေတယ်​

​ခေါင်​းမူး​နေပါသလား၊ ​ခေါင်​းကိုက်​​နေပါသလား၊ ချစ်​ရသူရဲ့မျက်​နှာကို တစိမ်​စိမ်​့ကြည်​့ပြီး​တော့သာ အကြင်​နာ​လေး​ပေး​လိုက်​ပါ။ ဒါဟာ ​သောက်​​ဆေး​တွေထက်​​တောင်​ပိုအစွမ်​းထက်​ပါတယ်​။

8. အကြင်​နာ​ပေးတာက ကိုယ်​့ကိုကိုယ်​ ငယ်​ပြီး နုပျိုတယ်​လို့ထင်​​စေနိုင်​။

ချစ်​ရသူနဲ့ အကြင်​နာ​ပေးတိုင်​းမှာ ကိုယ်​ဟာ ဘယ်​​လောက်​ပဲအသက်ကြီး​နေပါ​စေ၊ ဖိုးဖိုးဖွားဖွား​တွေပဲဖြစ်​​နေပါ​စေ၊ ဒီအခိုက်​အတန်​့​လေးက​တော့ အမြဲတမ်​းသင်​့ကို ပြန်​ငယ်​သွားတယ်​လို်​ခံစားရ​စေမှာပါ။

Source: affordental.com

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။