လူတစ်ယောက်ရဲ့ကျောက်ကပ်ဟာ အရမ်းအရေးကြီးပါတယ်။ ခုခါမှာ အစားထိုး ကုသမှုတွေ ရှိနေပေမဲ့ နဂိုမှုလ ထက်တော့ ဘယ်အရာမှ ပြန်မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် ဖြစ်ပြီးဆိုလည်း ရှောင် မဖြစ်သေးခင်လည်း ဆောင်ရအောင် ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် ဗဟုသုတ ရဖွယ် တင်ပြပေးလိုက်ပါတယ်။ ခုတင်ပြပေမဲ့ အချက်လေးတွေကို လိုက်နားကျင့်သုံးရင်တော့ သက်ရှည်ကျန်းမာစေမှာ ဖြစ်ပါတယ်။ လူအသက်ထက် တန်ဖိုး ရှိတာ ကမ္ဘာမှာ မရှိပါဘူး။ ဒါကြောင့် လူတစ်ယောက်မှာ ငွေချမ်းသာဖို့ထက် ကျန်းမာရေးကောင်းခြင်းက အရေးကြီးနေပြန်ပါတယ်။ 

မိမိမှာ ကျောက်ကပ်ဝေဒနာ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ပြောတဲ့အတိုင်းသာ နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ ကျောက်ကပ် ဝေဒနာရှင်တွေဟာ ရေကို လိုအပ်သည့် ပမာဏ ဆရာဝန်ညွန်ကြားတဲ့အတိုင်း သောက်ပေးပါ။ ကျောက်ကပ်ဖြစ်ပြီဆိုတာနဲ့ ဆက်စပ်ရောဂါတွေဖြစ်တဲ့ သွေးတိုး ဆီးချို၊ သွေးချို မဖြစ်အောင် ဂရုစိုက်ရပါတော့မယ်။ ကျောက်ကပ်ဝေဒနာရှင်တွေဟာ နံနက်ခင်း နေရောင်ခြည် နုနု အောက်မှာ ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးရပါမယ်။ ပုံမှန် အနားယူရပါမယ်။ တညင်းသီး လုံးဝမစားမိပါစေနဲ့။ ငါးပိ၊ငါးခြောက် ရှောင်ပါ။ အချိုမှုန့် ရှောင်ပါ၊ အချိုရည် လုံးဝ မသောက်ပါနဲ့။

ဆော်ဒါနဲ့ ပြုလုပ်ထားတဲ့ ဘယ်အရာမဆို မစားပါနဲ့ မသောက်ပါနဲ့။အသားကင် အမျိုးမျိုးကို ရှောင်ပါ။အရမ်းစပ်ပူလောင်နေတဲ့ အစားစာတွေကို မစားပါနဲ့။ဝမ်းတွင်းအူကလီစာတွေကို မစားပါနဲ့။ မှိုတက်သော အစားစာတွေ စားသုံးခြင်းကို ရှောင်ပါ။ မိမိသဘောဆန္ဒအရ စပ်ဆေးတွေ သောက်သုံးခြင်းကို ရှောင်ပါ။နောက်ဆုံးမှာတော့ ဆေးလိပ်၊ အရက်၊ ကွမ်းယာ လုံးဝ ရှောင်ရပါမယ်။ မဖြစ်သေးခင်ကနေ ကာကွယ်တာ ကောင်းပေးမဲ့ ဖြစ်လာတော့လည်း ရှောင်ကြည်ရမှာပေါ့ ဒါမှ လူ့သက်စေ့နေနိုင်မှာလေ ။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။