ပရိသတ်ကြီးအတွက် ဆေးလိပ်ဖြတ်ရန်နည်းလမ်းများကို တင်ဆက်ပေးလိုက်ပါတယ်နော်....။ ပထမဦးဆုံးနည်းလမ်းကတော့ ရေအေးအေးကို တစ်ကျိုက်စီ ငုံပေးရမှာဖြစ်ပါတယ်...။ ဒါမှမဟုတ် သေးသေးဖွဲဖွဲလေးတွေကို ဝါးနေခြင်းဖြင့် စီးကရက် ရှူရှိုက်ခြင်းကို အစားထိုးစေတာပါပဲနော်....။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက "dopamine" ထွက်စေပါတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်..။ စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေကို စဉ်းစားပြီးတော့လည်း ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းရမှာပါ...။ ဆေးလိပ်မသောက်ခြင်းဖြင့် ငွကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိစေမှာပါ..။

ကဖိန်းဓာတ်ကို လျှော့ချရမှာပါ...။ "ကော်ဖီ၊ လက်ဖက်ရည်" သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချရမှာဖြစ်ပြီး...၊ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ချင်စိတ်ကိုဖြစ်ပေါ် စေမှာပါ...။ စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ထိမ်းရမှာပါ...။ အဲဒီ မကောင်းစိတ်တွေကြောင့် ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေမှာလည်းဖြစ်ပါတယ်...။

ပရိသတ်ကြီးတို့အနေနဲ့ ၁၄ ရက်ကြာလို့ ပြတ်နိုင်ရင် ဒါဟာ ပြေးလမ်းပေါ်ရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်...။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုပါတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို့လည်းလိုပါသေးတယ်...။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းရဲ့ ကြားခံနယ်လေးကပါးလွှာလွန်းလှပါတယ်...။ “တစ်လိပ်” ပဲဆိုပြီး သောက်မိလိုက်ရုံနဲ့ ဆေးလိပ်သံသရာထဲ ပြန်လည်ဝင်ရောက်သွားနိုင်ပါတယ်နော်...။ ကျန်းမာချမ်းသာစွာ ဘဝကြီးကိုဖြတ်သန်းနိုင်ဖို့ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်..။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။