ပဲခူးတိုင်​း​ဒေသကြီး ​ဝေါမြို ့နယ်​ ဧကရဇ်​​ကျေးရွာတွင်​ ဧပြီလ (၉) ရက်​​နေ ့ ည (၇) နာရီအချိန်​ခန်​ ့က မိခင်​ဖြစ်​သူအား သွား​ရောက်​​ခေါ်ယူသည့် သမီးဖြစ်​သူမှာ နေအိမ်​သို ့အပြန်​အ​ဖော်​အဖြစ်​လိုက်​ပါလာသူက အဓမ္မပြုကျင်​ခဲ့၍ မြို ့မရဲစခန်​း၌ အမှုဖွင့် တိုင်​ကြားထား​ကြောင်​း သိရပါသည်။

ဖြစ်​စဉ်​မှာ ဧပြီ (၉) ရက်​ ည​နေ (၅) နာရီအချိန်​ ခန်​ ့က ဧကရဇ်​​ကျေးရွာ​နေအသက်​ (၁၈) နှစ်​အရွယ်​ရှိမ………မှာ မိခင်​ဖြစ်​သူ​နေအိမ်​မှ ဆင်​းသွားသဖြင့် တစ်​ရွာတည်​း​နေ ဦး​အောင်​ချစ်​(ဘ)ဦးကြည်​ ၊ ဆိုင်​ကယ်​ကယ်​ရီ​မောင်​းသမား ဦးဝင်​းနိုင်​တို ့နှင့်အတူ မိခင်​ဖြစ်​သူအား ဆိုင်​ကယ်​ဖြင့် လိုက်​လံရှာ​ဖွေစဉ် ​​ညဦးပိုင်​း (၆)နာရီ​ကျော်​ အချိန်​ခန်​ ့၌ 

နောင်​ပတ္တရာ​ကျေးရွာ ​ဇောင်​းတူ တူး​မြောင်​းလူသွားလမ်​း​ပေါ်တွင်​ ​တွေ့ရှိသဖြင့် ပြန်​လည်​​ခေါ်​ဆောင်​ခဲ့​ကြောင်​း မိခင်​ဖြစ်​သူမှ ​နေအိမ်​သို ့ပြန်​မလိုက်​သဖြင့် ဆိုင်​ကယ်​ကယ်​ရီသမားဦးဝင်​းနိုင်​အား ပြန်​လွှတ်​လိုက်​ပြီး မ……..မှာ အ​ဖော်​အဖြစ်​လိုက်​​ပေးသူ ဦး​အောင်​ချစ်​နှင့် အတ​ူနေအိမ်သို ့ပြန်​လာခဲ့ရာ ဦး​အောင်​ချစ်​က မ……….အား ​ဇောင်​းတူ ဆည်​​မြောင်​း​ဘေး အနီးရှိ ကိုင်​း​တောထဲသို ့အတင်​းဆွဲ​ခေါ်ကာပါးစပ်​ပိတ်​၍ သားမယားအဖြစ်​ နှစ်​ကြိမ်​ပြုကျင့်ခဲ့​ကြောင်​း မြို ့မရဲစခန်​း၏ ရဲမှတ်​တမ်​းများ အရသိရသည်​။

၎င်းဖြစ်​စဉ်​နှင့် ပက်​သက်​၍ မိမိအား အလိုမတူဘဲ သားမယားအဖြစ် ​ပြုကျင့်ခဲ့သူ ဧကရာဇ်​​​ကျေးရွာ​နေဦး​အောင်​ချစ်​(ဘ)ဦးကြည်​၊ အသက်​ (၅၃)နှစ်​အား အမှုဖွင့် အ​ရေးယူ​ပေးပါရန်​မ…….က တရားလိုပြုလုပ်​ တိုင်​တန်​းသဖြင့် ဝေါမြို ့မရဲစခန်​းမှ(ပ)၂၅၀/၂၀၁ရပြစ်​မှုဆိုင်​ရာ ဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့် အမှုဖွင့် လှစ်​ထား​ပြီီး အမှုနှင့် ပတ်​သက်​သည့် ဦး​အောင်​ချစ်​အား ဖမ်​းဆီးရမိထား​​ကြောင်​း ဆက်လက်​သိရှိရသည်​။ 

သတင်းအရင်းမြစ် Waw Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။