၉-၄-၂၀၁၇ ၊ နံနက်ရနာရီအချိန်လောက်မှာ ကားနဲ့ဆိုင်ကယ်တစ်စီးတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဖြစ်အပျက်မှာ နွားထိုးကြီးမြို့ အားကစားကွင်းရှေ့မှာ ရွှေဗဟိုစည်စားသောက်ဆိုင်မှအလုပ်သမားလေးမောင်ဖြိုးဦး၊အသက်၁၃နှစ်ဟာ ကားတစ်စီးနဲ့တိုက်မိပြီး ဦးနှောက်ပောက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရပာတယ်။

သေဆုံးသူမောင်ဖြိုးဦးဟာ ကဒေါင်းကျောင်းမှ ၇ တန်းဖြေပြီးကျောင်းသားလေးတစ်ဦးဖြစ်ပြီး ညောင်ဇင်ကျေးရွာမှလို့သိရှိရပါတယ်။ သေဆုံးသူအလောင်းကိုတော့ မေတ္တာမွန်အဖွဲ့မှ သွားရောက်သယ်ဆောင်ပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဆိုင်ကယ်-ကားမောင်းနှင်သူများအနေဖြင့်သတိကြီးစွာမောင်းနှင်ကြဖို့ စေတနာကောင်းဖြင့် ရေးသားတင်ပြလိုက်ရပါတယ်။

Source : ​မေတ္တာမွန်​ လူမှုကယ်​ဆယ်​​ရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။