အဲကွန်းကား ၂၀၀ ကျပ်နှင့် ရိုးရို်းကား ခရီးစဉ်တစ်ပိုင်းလျှင် ၁၀၀ ကျပ် ပြောင်းလဲကောက်ခံတော့မယ့် YBS ယာဉ်များ

လက်ရှိ ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်အများစုသည် ယာဉ်အမျိုးအစားခွဲခြားခြင်းမရှိဘဲ ခရီးသည် ၁ဦးလျှင် ပုံသေ ကျပ် ၂၀၀ ကျပ်ကောက်ခံနေခဲ့ပါသည်။

YRTA အဖွဲ ့တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်း၏ပြောကြားချက်အရ YBS ယာဉ်များ ခရီးစဉ် အပိုင်းအလိုက် ယာဉ်စီးခကောက် ခံမှုကို ဧပြီ ၇ ရက် (ယနေ့)တွင် စတင်မည်ဖြစ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သတ်မှတ်ကောက်ယူမည့်နှုန်းထားများမှာ YBS ယာဉ်များ တွင် အဲကွန်းတပ်ဆင်ထားပါက ယာဉ်စီးခပုံသေကျပ် ၂၀၀ နှင့် အဲ ကွန်းတပ်ဆင်ထားခြင်းမရှိသည့် ယာဉ်များကို ခရီးစဉ်အပိုင်း လိုက်ခွဲကာ တစ်ပိုင်းလျှင် ကျပ် ၁၀၀ ကျပ်ဟု သိရှိရသည်။

ဇန်နဝါရီ ၁၆ ရက်တွင် စတင် ပြေးဆွဲသော YBS ဘတ်စ်ကား ယာဉ်စီးခနှုန်းထားများကို ရှင်းလင်းစွာထုတ်ပြန်ခြင်း မရှိဘဲ ယခုမှသာ ခရီးစဉ်အပိုင်းအ လိုက် ကောက်ခံရန် လုပ်ဆောင် နေခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။ ထိုကဲ့သို ့ခရီးစဉ်အပိုင်းအလိုက် ယာဉ်စီးခပြောင်းလဲကောက်ခံမှုကို အခုမှ စတင်ကောက်ခံပါက ခရီးသည်နဲ ့ယာဉ်လုပ်သားတွေကြားမှာ ပြသနာရှိလာနိုင်ပြီး အဆိုပါ မှတ်ချက်ကို YBS စနစ်စတင်စဉ်ကတည်းက ညွှန်ကြားသင့်ကြောင်း (၅၈) ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက သူ၏အမြင်ကို ပြောပြသွားခဲ့ပါသည်။

Source: 7daydaily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။