သူတို့နှစ်ယောက်သည်အရင်တုန်းကတွဲဘူးသူများဖြစ်ကြသော်လဲ ယခုအချိန်တွင်တော့ Justin Bieber နဲ့ Selena Gomez တို့ကြားမှာ အမြင်မတူမှုတွေဖြစ်ပေါ်နေကြပါတယ်။

သူတို့နှစ်ယောက် Instagram ပေါ်မှာရန်ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Justin က သူ့ရည်းစာအသစ် Sofia Richie အပေါ်မုန်းတီးနေသောသူများအား သူ့၏ အကောင့် ကို Private လို့ပြောင်းလဲလိုက်မည်ဟုခြိမ်းခြောက်လိုက်ရာမှစခဲ့သည်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Selena က အသက် ၂၂နှစ်ပဲရှိသေးတဲ့ Justin အပေါ် ယခုလိုပြောဆိုလိုက်ခြင်းဟာ အကျိုးသက်ရောက်မှုအများကြီးဖြစ်နိုင်ကြောင်း Justin ၏ စဉ်းစားဉာဏ်မရှိသောလုပ်ရပ် ဖြစ်ကြောင်း ကို အပူကိုမခံနိုင်ရင် မီးဖိုချောင်ထဲမဝင် နဲ့ ဟုနှိုင်းယှဉ် ပြီးပြောခဲ့သည်။

justinbieber: ယခုလိုမုန်းတီးနေတာကို ရပ်တန်းကမရပ်ရင် ကျွန်တော့်၏ အကောင့်ကို Private အနေနဲ့ ခင်ဗျားတို့မမြင်ရအောင်ပြောင်းလိုက်တော့မယ်။ တော်တော်ကို လက်လွန်နေပြီနော်။ ခင်ဗျားတို့သာ ကျွန်တော့်ရဲ့ fan တွေအစစ်အမှန်ဆိုရင် ကျွန်တော်ချစ်တဲ့ သူတွေအပေါ်ဒီလိုပြောမှာမဟုတ်ဘူး။

ထိုကဲ့သို့ စာနှင့်အတူ သူ၏ ရည်းစားအသစ်ပုံကို တင်ခဲ့ရာ Selena က 'ရှင် သူများတွေမကောင်းပြောတာကိုမခံနိုင်ရင် ရှင့်ကောင်မလေးနဲ့ရှင့်ပုံတင်နေတာကိုရပ်လိုက်တော့ပေါ့။ အဲ့ဒီပုံတွေက ရှင်နဲ့သူ့နဲ့ နှစ်ယောက်အတွက်ပဲဖြစ်ရမှာလေ။' ဟုပြန်လည်ရေသားခဲ့သည်။

'ရှင့် fan တွေကိုလဲ စိတ်ဆိုးမနေပါနဲ့တော့။ သူတို့က ရှင့်ကိုချစ်တာကိုး။' ဟူ၍လဲပါသေးသည်။

Selena ရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး Justin ရဲ့ fandom တွေက သူမကိုလေးစားကြသည်။

'Selena က အရမ်းကို ပါးနပ်ပြီးအကင်းပါးတာပဲ' ဟူ၍လဲ Belieber ဖြစ်တဲ့ fan တစ်ယောက် က ရေးသားခဲ့သည်။

'Justin ရဲ့ ပရိသတ်တွေက စတိုးဆိုင်မှာ စျေးဝယ်ထွက်နေတဲ့သူတွေဆိုရင် အစ်မက စတိုးဆိုင်ပဲဖြစ်ရမယ်။' လို့လဲနှိုင်ယှဉ်ခဲ့ကြသည်။

Justin ရဲ့ ပြန်လည်ချေပချက်ကို လဲ fan တစ်ယောက်က ပြန်လည်တင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Selena ကို လူတွေရဲ့ စိတ်ဝင်စားမှုရအောင်သူ့ကို အသုံးချခဲ့ တယ်လို့လဲပြောထားခဲ့သေးသည်။

'သူများတွေရဲ့ အာရုံစိုက်မှုကိုရချင်တာနဲ့ ကျွန်တော့ကို ဒီလိုမျိုးပုံစံနဲ့ ကောက်ချက် ချပြီး လက်ညိုးထိုးတဲ့သူတွေရှိသေးတာက တော်တော်ရယ်ရတာပဲနော် ကျွန်တော်စိတ်ပျက်မိတယ်။' ဟုပြန်လည်ပြောခဲ့သည်။

အဲ့ဒီတစ်ခုအပြင် 'ကျွန်တော်ကအမုန်းတွေကို လက်ခံနေတာမဟုတ်ပါဘူး။ ကျွန်တော့ရဲ့မိတ်ဆွေတွေအားလုံးကို ကောင်းကောင်းမွန်မွန်ဆက်ဆံစေချင်ပါတယ်ဗျာ။ ကျွန်တော့် Believers တွေကိုချစ်တာပေါ့ဗျာ' ဟုလဲထပ်၍ပြောခဲ့သည်။

Selena ကလဲ Justin ရဲ့သူ့ fan တွေအပေါ်ဆက်ဆံပုံ ကို ပြန်လည်စောင်းပြောတဲ့ အနေနဲ့ သူမနဲ့ သူမfan ပုံတွေကို တင်ခဲ့ပါတယ်။

'ကျွန်မရဲ့ တစ်ဘဝလုံး'

'သူတို့သာ အရေးကြီးဆုံးပါ။ ကျွန်မကြိုက်နှစ်သက်တာတွေကို အမြဲလုပ်ခွင့်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင်။'ဟူ၍လဲ ပုံမှာစာတတ်ခဲ့ပါသေးတယ်။

နောက်ဘာတွေဆက်ဖြစ်အုံးမလဲဆိုတာတော့ စိတ်ဝင်စား စရာပဲနော်။

translated by Anna

Source: dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။