အများစုက သွားတိုက်ဆေးကို သွားကျန်းမာရေးအတွက်သာ အသုံးပြုတတ်ကြပါတယ်။ တကယ်တော့ သွားတိုက်ဆေးက သွားကျန်းမာရေးအပြင် အလှအပရေးရာ အတွက်ပါ များစွာ အသုံးဝင်တယ် ဆိုတာကို ဗဟုသုတ ရရှိစေရန်နှင့် ကိုယ်တိုင် လက်တွေ့ စမ်းသပ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်သည်း အလှအတွက် အသုံးပြုနည်း

သွားတိုက်ဆေး အနည်းငယ်ကို ခွက်လေးတစ်ခုထဲသို့ထည့်ပါ။ ထို့နောက် ဂွမ်းစလေးဖြင့် ယူ၍ လက်သည်းခွံ/ ခြေသည်းခွံပေါ် ပွတ်တိုက်ပေးပါ။ ထိုသို့ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ လက်သည်းလေးများ တောက်ပြောင် လှပ လာပါလိမ့်မယ်။ အလွယ်တကူ ကျိုးပဲ့ခြင်း မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှုတ်ခမ်းသားအတွက် အသုံးပြုနည်း

သွားတိုက်ဆေးကို ဝါဂွမ်း အနည်းငယ်ပေါ်တင်ပြီးနောက် နှုတ်ခမ်းသားပေါ်သို့ သုတ်လိမ်းပေးပါ။ ထို့နောက် သွားတိုက်တံ (အနု) ဖြင့် ၅ မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ထို့နောက် ရေအေးလေးဖြင့် ဆေးပေးပါ။ သင့် နှုတ်ခမ်းသာ ညိုခြင်း၊ အသားအရေ မညီခြင်းကို သိသိသာသာ သက်သာစေပါလိမ့်မယ်။

(၃) ဝက်ခြံ အတွက် အသုံးပြုနည်း

ဝက်ခြံကို ကုသဖို့အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုလို့ ရပါတယ်။ နားကြပ်တောင်လေးဖြင့် သွားတိုက်ဆေးကို တို့ယူ ပြီး ဝက်ခြံ ရှိသောနေရာ၊ မျက်နှာပေါ်ရှိ အမာရွတ်များကို တို့လိမ်းပေးပါ။ မိနစ် ၂၀ ခန့် ထားပြီးနောက် မျက်နှာကို ရေအေးဖြင့်သာ သစ်ပေးပါ။

(၄) မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုနည်း

အဆီပြန်သော မျက်နှာအသားရေအတွက် သွားတိုက်ဆေးကို မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။ သွားတိုက်ဆေးနှင့် ဆား အနည်းငယ် ကို ပန်းကန်အသေးလေးထဲသို့ ထည့်၍ သမအောင် မွှေပါ။ ထို့နောက် မျက်နှာပေါ်သို့ မျက်လုံးနားတစ်ဝိုက်အားရှောင်၍ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက် ရေအေးဖြင့် မျက်နှာ သစ်ပေးပါ။

(၅) ဆားဝက်ခြံများ အတွက် အသုံးပြုနည်း

နားခေါင်းနားတစ်ဝိုက်မှာ ဖြစ်တတ်တဲ့ ဆားဝက်ခြံတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ဆေးကို နူးညံ့သော သွားတိုက်တံပေါ် တင်ပြီနောက် ဆားဝက်ခြံရှိသော နားခေါင်းနား တစ်ဝိုက် ၂ မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးပါ။ ထို့နောက် ရေအေးဖြင့် ဆေးပေးပါ။ ထိုသို့ မကြာခဏ ပြုလုပ်ပေးပါက ဆားဝက်ခြံများ သိသိသာသာ သက်သာပျောက်ကင်းပါလိမ့်မယ်။

လွယ်ကူရိုးရှင်းသော နည်းလမ်းများ ဖြစ်တာကြောင့် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအကြောင်းတွေကို မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ပါဦးနော် … အားလုံးပဲ လှပပျော်ရွှင်စရာကောင်းသော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် …

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။