အိုလံပစ်ရေကူးပြိုင်ပွဲဆုရှင် ကစားသမားတစ်ဦးဖြစ်သူ ရိုင်ရန်လော့ချ်တီနှင့် အခြားရေကူးကစားသမားသုံးဦးတို့ပါဝင်သော Taxi မှာ ဓားပြတိုက်ခံခဲ့ရသည်။ လော့ချ်တီနှင့်အခြားကစားသမားသုံးဦးမှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် Olympic Villageသို့ Taxiဖြင့် အသွားတွင် လက်နက်ကိုင်ရဲအရာရှိဟု ယူဆရသူတို့က ကားအားတားခဲ့ပြီး ပိုက်ဆံနှင့်အခြားကိုယ်ပိုင်ပစ္စည်းများကို လုယူသွားကြောင်းသိရသည်။ လုယူသူများထဲမှတစ်ဦးက လော့ချ်တီ၏နဖူးကို သေနတ်ဖြင့်ထောက်ထားခဲ့သည်ဟုဆိုသည်။
ဓားပြတ်ိုက်ခံရသောကစားသမားများမှာ ယခုအခါဘေးကင်းပြီဖြစ်ကြောင်းနှင့် ရဲများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်းသိရသည်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။