သရဲကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ချစ်ပရိသတ်တွေအတွက် မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေကြည့်ရူဖို့ စောင့်ဆိုင်းနေကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ သရုပ်ဆောင်ပေါင်များစွာက ပါဝင်သရုပ်ဆောင်ထားတဲ့ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ကြီးဟာ အကောင်းစားဖန်တီးချက်တွေ အမိုက်စားဖန်တီးချက်တွေနဲ့ ရိုက်ကူးထားတာကြောင့်လဲ ရုပ်ရှင်ချစ်ပရိသတ်တွေကို ကြည့်ရူချင်စရာဖြစ်အောင် တစ်မျိုးဆွဲဆောင်နေခဲ့တာပဲဖြစ်ပါတယ်။

ရုပ်ရှင်ချစ်တဲ့ ပရိသတ်ကြီးအတွက် ယနေ့မှာ သတင်းကောင်းလေးကတော့ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နောက်ထပ်တစ်လအကြာ ဧပြီလ ၂၅ ရက်နေ့မှာ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားတော့မှာပဲဖြစ်ပါတယ်။ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ကို အကယ်မဒီဆုရှင် နေတိုး အကယ်ဒမီပူပူနွေးနွေးရရှိထားတဲ့ ကျော်ကျော်ဗို မင်းသွေး နန်းဆုဦး အိန္ဒိယမင်းသမီးချောလေး ရီယာရေးတို့က သဘာဝကျပြီး ပီပြင်တဲ့ အိုင်တင်တွေနဲ့ အကောင်းဆုံးသရုပ်ဆောင်ထားကြပါတယ်။

မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်နေသော သရုပ်ဆောင်တွေရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကလဲ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားစေခဲ့ပါတယ်။ မဟူရာရုပ်ရှင်ရုံဇာတ်ကားရဲ့ တစ်ခြားရုပ်ရှင်တွေနဲ့ သူမတူတဲ့ ထူးခြားချက်လေးကတော့ တမီးလ်လူမျိုးသရုပ်ဆောင်တစ်ယောက် ပါဝင်နေခဲ့သလို တမီးလ်စကားပြောတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်။

သရဲကားကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ရဲ့OFFICAL TRAILERလေးနဲ့ကြောက်စရာတွေပြည့်နှက်နေတာကြောင့် ကြည့်ရူဖို့ အသင့်ဖြစ်နေကြပြီဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးရေ မဟူရာရုပ်ရှင်ရုံဆိုတဲ့ သရဲကားရုပ်ရှင်ဇာတ်ကားကြီးဟာ နောက်ထပ်တစ်လအကြာ ဧပြီလ ၂၅ ရက်နေ့မှာ ပရိသတ်ကြီး ရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ်။ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICAL TRAILERလေးကို အောက်မှာဖော်ပြပေးထားပါတယ်။

source: မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။