အစားအသောက်တွေကို လျှော့လည်း မလျှော့ချင်၊ ကိုယ် အလေးချိန်လည်း မတက်ချင်တဲ့ သူတွေအတွက်တော့ အရမ်းကို ထိရောက်တဲ့ အစားအသောက် ရွေးချယ် စားသုံးနည်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မနက်စာ နဲ့ နေ့လည်စာက ခန္ဓာကိုယ် အလေးချိန် မြင့်တက်မှုကို အားမပေးသော်လည်း ညစာကိုတော့ မစားတဲ့ အထိအောင် ရှောင်ကြဉ်ရတာမျိုး ရှိတတ်ကြပါတယ်။ ဗိုက်ဆာဆာနဲ့ ကိုယ်အလေးချိန် မတက်ဖို့ သည်းခံရတဲ့ ဘဝက ကင်းလွတ်စေဖို့အတွက် ညစာ အစားအသောက် ရွေးချယ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဒိန်ချဉ်

ဒိန်ချဉ်တွင် ပါဝင်သော ဓာတ်များက အဆီများကို လောင်ကျွမ်းစေသောကြောင့် အလေးချိန် လျှော့ချရာတွင် အထောက်အကူ ဖြစ်စေပါတယ်။ ဒိန်ချဉ်မလိုင်တွေကို ရှောင်ကြဉ်ပြီး စားသုံးပေးဖို့တော့ လိုအပ်ပါတယ်။

(၂) မြေပဲထောပတ်

မြေပဲထောပတ်ကို ပေါင်မုန့်ကြမ်းနဲ့ တွဲဖက်စားသုံးတာက ကျန်းမာရေးအတွက် အကျိုးရှိလှတဲ့ ညစာ တစ်နပ်ပဲ ဖြစ်ပါတယ်။ မြေပဲထောပတ်က ကြွက်သားများ တည်ဆောက်ပေးပြီး ဝမ်းဗိုက် အဆီ လျှော့ချပေးပါတယ်။

(၃) ချယ်ရီသီး

ချယ်ရီသီးက အချိုတည်းလိုစိတ်ကို ဖြေသိမ့်ပေးရုံသာမက ကောင်းစွာအိပ်စက် နိုင်စေပါတယ်။

(၄) ကြက်ဥပြုတ်

ကြက်ဥ တွင် အာဟာရဓာတ် ပြည့်ဝသော ကယ်လိုရီများစွာ ပါဝင်ပါတယ်။ သို့သော် ကြက်ဥကို ကြက်အောင် ပြုတ်ပြီး စားသုံးပါက ညဘက်တွင် ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။

(၅) Cereal

အမျှင်များသော အနှံများတွင် ဝမ်းဗိုက်ကို ပြည့်စေရုံသာမက အဆီကို လျှော့ချပေးသော ကာဗိုဟိုက်ဒရိတ်နှင့် အမျှင်များပါဝင်ပါတယ်။ အမျှင်ဓာတ်များသော နှံစားပင်မှ ထုတ်လုပ်သည့် Cereal ကို ညစာ အဖြစ် စားသုံးခြင်းကလည်း ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက် အားလုံးပဲ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။