ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တာကို သိကြမှာပါ။ ဆေးလိပ်သောက်ခြင်း အဆုတ်ကင်ဆာ ခံတွင်းကင်ဆာတွေကို ဖြစ်စေနိုင်တဲ့ အပြင် နောက်ဆုံး အသက်ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ထိုကြောင့် ပိုက်ဆံ အကုန်ကျသက်သာ သွားနဲ့ မြန်မာ့ ဆေးနည်းစစ်စစ်တစ်ခုကို အဆုတ်ကင်ဆာဝေဒနာရှင်တွေအတွက် ဖော်ပြပေးထာပါတယ်။

ထိုဆေးနည်းရဲ့ အဓိက ဇာတ်လိုက်ကတော့ တောလေညှင်းပါ။ တောလေညှင်းကို မြန်မာတိုင်းရင်းဆေးဖော်စပ်တဲ့ နေရာမှာ အသုံးများပြီး တကယ်ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ တောလေညှင်းကအရမ်းကို ရှားပါးတဲ့ အပင်မဟုတ်ပါဘူး။ အထူးသဖြင့်ရေမြောင်းတွေနားမှာ အလွယ်ကတူရှာတွေ့နိုင်တဲ့ အပင်မျိုးဖြစ်ပေမယ့် အရမ်းကို တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ဆေးနည်းကတော့ တောလေညှင်းပင်တစ်ပင်လုံးကို ခူးပြီး ရေစင်အောင် သန့် စင်လိုက်ပါ။ ပြီးနောက် တစ်ပင်လုံးကို ဆေးတစ်ခွက်စာ ရသည်အထိ အရည်ကျိုလိုက်ပါ။ ရလာတဲ့ ဆေးရည်ကို နေ့စဉ်ပုံမှန်သောက်သုံးပေမယ်ဆိုရင် ဆေးလိပ်ကြောင့် အသည်းခြောက်ခြင်း၊ချောင်းဆိုးခြင်း၊ ရင်ကျက်ခြင်းတွေကို လုံးဝအရှင်းသက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။

ရင်ကျပ် ပန်နာ ရှိတဲ့ ဝေဒနာရှင်တွေအတွက်လည်း တော်လေညှင်းပင်က အရမ်း အသုံးဝင်တဲ့ ဆေးပင်ဖြစ်သလို အမြစ်မှ နုတ်ပြီး ပြုတ်သောက်မယ် ဆိုရင် ရင်ကျပ် ချောင်းဆိုး ဝေဒနာတွေကို တစ်ရက် နှစ်ရက်အတွင်းသက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်စွဲနေတဲ့ သူတွေအတွက် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးကို ပြန်လည်မျှဝေရင်း ဝေဒနာရှင်တွေအတွက်လည်း အသုံးဝင်ဖို့ မျှော်လင့်ပါတယ်။

Source: ဆေးမြီးတိုမှတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။