အမျိုးသမီးလေးတွေအတွက် ခန္ဓာကိုယ်အလှအပဆိုတာ အလေးထားဂရုစိုက်ရပေမယ့် ယောကျာ်းလေးတွေအတွက်ကတော့ အရေးကြီးချင်မှာ ကြီးပါလိမ့်မယ်။ ဒါပေမယ့် ယခုနောက်ပိုင်းမှာဆိုရင် ယောကျာ်းလေးတွေက ပိုပြီး မိန်းကလေးတွေထက်တောင် အလှအပ နဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပါတယ်။ ဒါကြောင့် အလှအပဆိုင်ရာကုသနည်းတွေက အိတ်ထဲမှာရှိတဲ့ ပိုက်ဆံလေးတွေကို အကုန်ပြောင်အောင် လုပ်နိုင်တာကြောင့် ဆေးခန်းသွားစရာမလိုပဲ အိမ်မှာနေရင်းလည်း ခန္ဓာကိုယ်ကို ပိုက်ဆံမကုန်ပဲ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ လှပအောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။

ထိုနည်းလမ်းတွေအများကြီးထဲကမှ ဘယ်ဆေးတွေပဲ သုံးသုံး မဖြူနိုင်တဲ့ ဂျိုင်းသားတွေကို အချိန်ခဏလေးအတွင်းကုသနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

(၁) အာလူး

အာလူးမှာ ဆိုရင် အမဲ အညစ်တွေကို ချွတ်ပေးနိုင်တဲ့ အစွမ်းသတ္တိတစ်မျိုးပါဝင်တာကြောင့် ဒီတိုင်းအသုံးပြုမယ်ဆိုရင်တော့ ဂျိုင်းမဲတာ ဒူးခေါင်းမဲတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးထိရောက်အောင် သံပုရာရည်ထဲကို အာလူးအချပ်လေးတွေကို နစ်ပြီး မဲနေတဲ့ ဂျိုင်းသားတွေကို ၅မိနစ်လောက် ပွတ်တိုက်လိုက်ပါ။

(၂) နနွင်းမှုန့်

နနွင်းမှုန့်ကလည်း ကျန်းမာရေးအတွက်ကော အလှအပအတွက်ပါ အသုံးဝင်တဲ့ အိမ်တွင်းသုံး ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ လုပ်နည်းကတော့ ကျိုထားတဲ့ နွားနို့ကို အအေးခံပြီး နနွင်းမှုန့် ရောထည့်လိုက်ပါ။ ပြီးရင် ထိုအရည်ကို ဂျိုင်းသားမှာတစ်ညလုံးလိမ်းအိပ်ပေးမယ်ဆိုရင် ဖြူဖွေးတဲ့ ဂျိုင်းသားလေးကို ပိုင်ဆိုင်နိုင်မှာပါ။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကတော့ အစွန်းတွေကို ချွတ်နိုင်တဲ့ အစွမ်းရှိပါတယ်။ လုပ်ရမယ့်နည်းကတော့ ခရမ်းချဉ်သီးကို အကွင်းလိုက်လေးတွေလှီးပြီး သကြားနဲ့ ကပ်ပြီး မဲနေတဲ့ ဂျိုင်းသားတွေကို မိနစ်အနည်းငယ်လောက်ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ရေဆေးအေးလေးနဲ့ ဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင်တော့ ဘာဆေးမှသုံးစရာမလိုပဲ ဖြူဖွေးတဲ့ ဂျိုင်းသားလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းသုံးခုလုံးက အထိရောက်ဆုံးနဲ့ အမြန်ဆုံး ဂျိုင်းသားကို ဖြူဖွေးစေနိုင်တဲ့ နည်းလမ်းတွေဖြစ်တာကြောင့် အဆင်ပြေမယ့် နည်းလမ်းကို အသုံးပြုလို့ရပါတယ်။ ဥပါဒ်လုံးဝမရှိတာကြောင့် လိုအပ်နေသူတွေအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source: ဆေးမြီးတိုမှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။