လူသားတွေက နေ့တိုင်းသွားလာလှုပ်ရှားမှုတွေ များတာကြောင့် တစ်ခုမဟုတ်တစ်ခုကတော့ ရုတ်ချည်း ဆိုသလို ဖြစ်တတ်ကြပါတယ်။ ဥပမာပြောရရင် ခေါင်းကိုက်တာ ခေါင်းမူးတာ လည်ချောင်းယားတာ အဆစ်အမြစ်တွေကိုက်တာမျိုးတွေက နေ့စဉ်သွားလာ လှုပ်ရှားမှုပေါ်ကိုလိုက်ပြီး ရုတ်တရက် ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာသေးလေးတွေဖြစ်ပါတယ်။ ထိုဝေဒနာလေးတွေကို ခဏအတွင်းမှာ ပျောက်ကင်းသွားအောင် ကုသနိုင်တဲ့ နည်းလမ်းလေးတွေကို ပြန်လည် ဖော်ပြပေးထားတာပါ။

(၁) လည်ချောင်းယားရင်

ရုတ်တရက် ဖုန့်မှုန့်တွေကြောင့်ပဲ ဖြစ်ဖြစ် လေထုကြောင့် ပဲ ဖြစ်ဖြစ် လည်ချောင်းယားလာခဲ့ရင် ဘာမှ လိုက်ရှာမနေပါနဲ့ နားရွက်ကိုသာ ကုတ်လိုက်ပါ သက်သာသွားပါလိမ့်မယ်။

(၂) သွားကိုက်လာရင်

အချိုတစ်ခုခုကြောင့် သွားကိုက်လာရင် လက်ညိုးနဲ့ လက်မကြားကို ရေခဲတုံးနဲ့ ပွတ်လိုက်ပါ။ သွားကိုက်တာပျောက်သွားပါလိမ့်မယ်။

(၃) ခေါင်းတခြမ်းကိုက်နေရင်

လက်နှစ်ဖက်ကို ရေခဲရေ အေးအေးလေးထဲသာနှစ်ပြီး ထည့်ထားလိုက်ပါ။ ပြီးရင်တော့ လက်ချောင်းလေးတွေကို ကွေးထားလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

(၄) နေ့ခင်းချိန်အရမ်းအိပ်ငိုက်နေရင်

ရုံးမှာဆိုရင်တော့ အိပ်ငိုက်လို့ လုံးဝအဆင်မပြေပါဘူး။ နေ့ခင်းဘက် အိပ်ငိုက်လာပြီဆိုရင် အသက်ကို ရသလောက်အောင့်ထားပြီး ပြီးမှ ဖြည်းဖြည်းချင်းရူသွင်းလိုက်ပါ။

(၅) အိပ်ပျော်ဖို့ခက်နေရင်

အိပ်ဖို့ ခက်နေရင်တော့ တစ်မိနစ်လောက် မျက်တောင်ကို မြန်မြန်လေးခတ်လိုက်ပါ။ မျက်လုံးညောင်းလာပြီး အိပ်ချင်လာပါလိမ့်မယ်။

အဆိုပါနည်းလေးတွေကတော့ နေ့စဉ်ခံစားနေရတဲ့ ဝေဒနာလေးတွေကို ဆေးသောက်ဆေးထိုးစရာမလိုပဲ ပျောက်ကင်းစေနိုင်မှာဖြစ်လို့ လူတိုင်းသိထားသင့်တာကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:ဆေးမြီးတိုမှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။