ယနေ့တိုးတက်လာတဲ့ ခေတ်ကြီးမှာ မြှင့်မားတဲ့ နည်းပညာဆက်သွယ်မှုတွေက လူသားတွေကြားမှာ မရှိမဖြင့် အရေးပါလာတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ယခင်ကဆို တစ်နိုင်ငံထဲမှာ ရှိတဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်ဖို့ အတွက် အရမ်းခက်ခဲ ပေမယ့် ယခုဆိုရင်တော့ အင်တာနက် ကွန်ရက်တွေ ဆက်သွယ်မှု ကွန်ရက်များစွာက တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်က လူတွေကြားမှာ ရေပန်းအစားဆုံးနဲ့ အသုံးအများဆုံးကတော့ Facebookလို့ ခေါ်တဲ့ ဆက်သွယ်ရေး Application တစ်ခုပဲ ဖြစ်ပါတယ်။ Facebookသုံးခြင်းက လူတိုင်းအတွက် သုံးတတ်ရင် များစွာအကျိုးရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Facebookကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးပိုမိုကောင်းမွန်လာမယ်။ ဗဟုသုတတွေတိုးတက်လာမယ်။ စိတ်ဓာတ်ပေါက်တစ်ခုလည်း ဖြစ်စေနိုင်သလို ရင်ဖွင့်စရာတံခါးပေါက်ကြီးတစ်ခုလို အသုံးဝင်ပါတယ်။

ဒါပေမယ့် ယနေ့ခေတ်လူငယ်တွေက မှားယွင်းတဲ့ ဘက်ကနေ အသုံးပြုမှုတွေကြောင့် ကိုယ့်ရဲ့ အချိန်တွေ ငွေတွေ ဘဝတွေကို ဆုံးရံှးလိုက်ရတဲ့ သူတွေအများအပြားရှိလာပါတယ်။ Facebookကို တစ်ချိန်လုံးသုံးနေတဲ့ သူတစ်ယောက်အတွက် အပြင်လောက က သူ့အတွက် ကြီးမားတဲ့ အခက်အခဲကြီးတစ်ခုဖြစ်စေနိုင်သလို တကယ့်အပြင်လောကမှာ နေထိုင်ဖို့ မလွယ်ကူတော့ပါဘူး။ Facebookက စိတ်ကျရောဂါကိုဖြစ်စေနိုင်တဲ့ အပြင် ရုပ်ဝတ္ထုတွေအပေါ်တတ်မတ်စွဲလမ်းစိတ်တွေ ပိုများလာစေပြီး မကောင်းမှု ဒုစရိုက်တွေကိုလည်း များစွာ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ နောက်ဆုံးမှာတော့ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာတဲ့ အပြင် Facebookကြောင့် လူအသက်တွေကို သေစေနိုင်တဲ့ အထိ ဆိုးရွာလာခဲ့ပါတယ်။

Facebookအသုံးပြုတဲ့ လူတိုင်းက လူကောင်းတွေမဖြစ်နိုင်သလို လူ့အကျိုးစီးပွားတွေကို ဖျက်စီးချင်တဲ့ သူတွေလည်း ပါဝင်တာကြောင့် သတိထားပြီး သုံးသင့်ပါတယ်။ Facebookကို နည်းလမ်းမှန်က နေကောင်းစွာ အသုံးချဖို့ လိုအပ်သလို လိုတာထက်ပိုပြီး အလွန်အကျွံအသုံးပြုခြင်းမျိုးတွေ မဖြစ်အောင်လည်း ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ ကလေးငယ်လေးတွေရှိမယ်ဆိုရင်လည်း သူတို့လေးတွေကို ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေရှိတယ်ဆိုတာ သေချာရှင်းပြပြီးမှ အသုံးပြုခိုင်းသင့်ပါတယ်။ ငယ်ရွယ်တဲ့ အချိန်မှာ အတုမြင်အတတ်သင် ဆိုတဲ့ စကားအတိုင်း လမ်းမှားကို မရောက်အောင် လူကြီးတွေက သေချာ ပြောပြဖို့ လိုအပ်ပါတယ်။

Source: Doctor Myint Than Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။