ကွမ်း ဆိုတာ မြန်မာတွေရဲ့ ရိုးရာတစ်ခုဖြစ်သလို ရှေးယခင်ကတည်းက ခေတ်စားခဲ့တာဖြစ်ပါတယ်။ ရှေးယခင်က ကွမ်းယာတွေက ကွမ်းသီးနဲ့ ကွမ်းရွက်ကိုသာ အဓိကထား စားသုံးကြတာကြောင့် ဥပါဉ် အရမ်းမဖြစ်စေနိုင်ပေမယ့် ယနေ့ခေတ်မှာတော့ ကွမ်းယာထဲကို ထည့်ပြီး စားသုံးတဲ့ ဓာတုဆေးဝါးတွေနဲ့ ပြုလုပ်ထားတဲ့ ဆေးတွေက လူ့ခန္ဓာကိုယ်အတွက် ဘယ်လိုမှကောင်းကျိုးမပြုနိုင်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြင်းထန်စွာတားမြစ်နေပြီဖြစ်ပါတယ်။ ထိုသို့ တားမြစ်နေပေမယ့် ယခုအချိန်ထိ ဈေးကွက်မှာ ရောင်းအားကောင်းနေဆဲဖြစ်ပြီး ကျားမ မရွေးစားသုံးလာကြပါတယ်။


ဒါကြောင့် ကွမ်းစားရင် ဖျက်လို့မရတဲ့ သင့်ရဲ့ သွားကို အမြင်ဆိုးစေတဲ့ ကွမ်းဂျိုးတွေကို ပိုက်ဆံကုန်ကျစရာမလိုပဲ သဘာဝနည်းလမ်းအတိုင်း ဖျက်နိုင်မယ့် ဆေးနည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ကွမ်းဂျိုးတွေကို ဖျက်ဖို့ဆိုရင် ...

- ဖရဲသီးရဲ့ အောက်သားတွေဖြစ်တဲ့ အဖြူသားတွေကိုယူပါ။

- ပြီးရင် ထိုဖရဲသီးအဖြူသားတွေကို ရေနဲ့ အတူရောပြီး ဆူပွက်တဲ့ အထိတည်ပေးရပါမယ်။

နောက်ဆုံးရလာတဲ့ အရည်ကိုမှ သောက်သုံးပေးရမှာဖြစ်ပါတယ်။ အဆိုပါဆေးရည်ကို တစ်ပတ်မှာ နှစ်ကြိမ်သောက်သုံးပေးခြင်းဖြင့် ကွမ်းဂျိုးတွေက သင့်ရဲ့ ဆီးတွေနဲ့ အတူ ပါသွားမှာပါ။ နောက်တစ်ချက်ကတော့ ဖရဲသီး အဖြူသားကို ကွမ်းစားသလို ကြာရှည်စွာဝါးပြီး ငုံထားလိုက်ပါတယ်။ ခဏအကြာမှာတော့ သွားကို သေချာစင်ကြယ်အောင်တိုက်ပါ။ ဒါဆိုရင်တော့ ကွမ်းဂျိုးတွေလုံးဝပျောက်ကင်းပြီး လှပဖြူဖွေးတဲ့ သွားတွေကို ပြန်လည်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source: မြန်မာ့ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။