ရူဘီရ်ိုလို့ခေါ်တဲ့ လမ်းဘေးခွေးလေးတစ်ကောင်ဟာ ခြောက်လကြာ သခင်ကိုမျှော်ရင်း နောက်ဆုံးမှာမွေးစားခံခဲ့ရပါတယ်။ ခွေးလေးဟာ လွန်ခဲ့တဲ့ခြောက်လက ဂျာမနီနဲ့အာဂျင်တီးနား နှစ်နိုင်ငံပြေးဆွဲနေတဲ့ လေယာဉ်မှ လေယာဉ်မယ်လေး အိုလီဗီယာနဲ့ တွေ့ရှိခဲ့ပါတယ်။ အိုလီဗီယာဟာ ခွေးလေးကိုတွေ့တိုင်း အစာကျွေးတာတို့ ပွတ်သပ်ပေးတာတို့လုပ်ပေးလေ့ရှိပြီး ရူဘီရိုဟာ အိုလီဗီယာကို သူ့သခင်လို့မှတ်ထားခဲ့ပုံရပါတယ်။
သို့ပေမယ့် အိုလီဗီယာဟာ လေယာဉ်မယ်ဖြစ်တဲ့အတွက် သူ့အလုပ်ကိစ္စနဲ့အမြဲလေယာဉ်ပေါ်မှာ အချိန်ကုန်နေရတာကြောင့် ရူဘီရိုလေးနဲ့အမြဲမတွေ့နိုင်ပါဘူး။
ဒါပေမယ့်လဲ အိုလီဗီယာပြန်လာတိုင်းမှာ သူတည်းတဲ့ဟိုတယ်ရှေ့မှာ ရူဘီရိုကို အချိန်မှန်တွေ့နေရတုန်းပါပဲ။ မျက်မြင်အချို့ပြောအရဆိုရင် ရူဘီရိုဟာ အိုလီဗီယာတည်းတဲ့ ဟိုတယ်ရှေ့မှာ အမြဲထိုင်စောင့်နေတာပါလို့ပြောပါတယ်။ နောက်ဆုံးမှာ အိုလီဗီယာဟာ ရူဘီရိုကို တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့နဲ့ဆက်သွယ်ပြီး သခင်အသစ်ရှာပေးခဲ့ပါတယ်။ အခုဆို ရူဘီရိုဟာ သူ့သခင်အသစ်နဲ့ပျော်ပျော်ရွှင်ရွှင်နေနေပါပြီ။
Source: Sunny Skyz
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။