ရှေးယခင်ကတည်းက မြန်မာတိုင်းရင်းဆေးတွေက အရမ်းကို အစွမ်းထက်ပြီး နတ်ဆေးကဲ့သလို့ အံ့မခန်းထူးခြားတဲ့ ဆေးတွေဖြစ်ပါတယ်။ အနောက်တိုင်းဆေးတွေများစွာပေါ်ပေါက်လာပေမယ့် တိုင်းရင်းဆေးတွေကတော့ အနောက်တိုင်းဆေးတွေတောင်ပျောက်ကင်းအောင် မကုသနိုင်တဲ့ ရောဂါတွေကို ကုသနိုင်စွမ်းရှိပါတယ်။ မင်းတုန်းမင်းဘုရားကြီးလက်ထက်က သုံးစွဲမှီဝဲခဲ့တဲ့ ဆေးစွမ်းကောင်းတစ်ခွက်ကို ဖော်ပြပေးချင်ပါတယ်။

မိဖုရားတွေ အများကြီးရှိတဲ့ မင်းတုန်းမင်းကိုယ်တောင် ကျန်းမာဝဖြိုးနေစေတဲ့ ရှေးကျတဲ့ တိုင်းရင်းဆေးနည်းလေးကို အသုံးလိုသူတွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ထိုဆေးရဲ့ အဓိက ပါဝင်ပစ္စည်းကတော့ ပရန္နဝါပင် ဖြစ်ပါတယ်။ ထိုအပင်က အိမ်နီးချင်းနိုင်ငံတွေမှာ ရောဂါမျိုးစုံကို ကုသပေးနိုင်တဲ့ တန်ဖိုးကြီး ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပရန္နဝါပင်က အသည်း၊ နှလုံး တို့ကို အဓိက ပိုမိုအားကောင်းစေပြီး ပုံမှန်မှီဝဲပါက အသက်ရှည်ကျန်းမာပြီး စေတယ်လို့ ရှေးစာဆိုတွေတောင် ဖွဲ့ဆိုကြပါတယ်။ ထို အရွက်နဲ့ ဖော်စပ်ထားပြီး မင်းတုန်းမင်းကြီးကို ကာယ စိတ္တ သုခ တွေနဲ့ ပြည့်စုံအောင် စွမ်းဆောင်ပေးနေတဲ့ ဆေးဖော်နည်းလေးကို ဖော်ပြထားပါတယ်။

- ပရန္နဝါပင်ကို ပါးပါးလှီးထားပါ။

- ဒန့်သလွန်ပွင့်ကို အသင့်ဆောင်ထားပါ။

- အုန်းသီးဆံရစ်ရစ်ကို အသင့်ခြှစ်ထားပါ။

- နောက် ပျားရည် သကာရည်တို့ကို ဆတူရောပြီး ရေ (၄) ခွက်ထည့်ပြီး ပြုတ်ပေးရပါမယ်။ ရေကို တစ်ခွက်စာလောက် ကျန်အောင်ကြိုပြီးပြီဆိုရင်တော့ ခေတ္တအအေးခံလိုက်ပါ။

ပြီးရင်တော့ ရရှိလာတဲ့ ဆေးရည်ကို အဝတ်စသန့်သန့်နဲ့ အရည်ကို စစ်ပြီး ပုလင်းသန့်သန့်တစ်လုံးထဲမှာ ထည့်ထားပါ။ ထိုဆေးရည်ကို မနက် ညတစ်နေ့ (၂) ချိန် ဟင်းစားဇွန်း တစ်ဇွန်းစာ ပုံမှန်သောက်သုံးပေးရပါမယ်။ အဆိုပါဆေးရည်က ခွန်အားတိုးစေတဲ့ အပြင် မောပန်းနွမ်းနယ်ခြင်းနဲ့ ပန်းသေ ပန်းညိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ချက်- အညွှန်းမှာ ပြောထားတဲ့ အတိုင်းပဲ သောက်ပေးရပါမယ်။ ပိုသောက်လို့ မရပါဘူး။

Source: မြန်မာ ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။