ကားစီးတိုင်း ကားမူးတတ်တဲ့ သူတွေကို တောသားလို့ ပြောတဲ့ သူတွေက ဘာကြောင့် ကားမူးကြတယ် ဆိုတာကို မသိသေးလို့ပါ။ တကယ်တော့ ကားမူးတယ်ဆိုတာ လူတိုင်းဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ ကားမီးခိုးငွေ့တွေ အမြင်အာရုံကို ရှုပ်စေတဲ့ အရာတွေကြောင့် ကားမူးခြင်းကိုလည်း ဖြစ်စေနိုင်သလို ဦးနှော်က်ရဲ့ မမှန်ကန်တဲ့ သတင်းပေးမှုတွေကြောင့်လည်း ကားမူးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကားမူးတဲ့ အခါ ခေါင်းတစ်ခုလုံး မခံမရပ်နိုင်အောင်ကိုက်လာပြီး အော့အန်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကားမူးတယ်လို့ခံစားရပြီဆိုရင် ဘာတွေလုပ်ရင် သက်သာနိုင်တယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။

- ကားစီးတဲ့အခါ ဘေးပတ်ဝန်းကျင်ရှုပ်ထွေးမှုတွေက သင့်ကို ကားမူးစေနိုင်တာကြောင့် အမြင်ကို ပိတ်ထားပါ။ မျက်လုံးကို မှိတ်ထားတာပဲ ဖြစ်ဖြစ် နေကာမျက်မှန်တပ်ထားတာပဲ ဖြစ်ဖြစ် အမြင်ကို ခဏပိတ်ထားလိုက်ပါ။

- ဂျင်းဓာတ်ပါတဲ့ အစားအစာတစ်ခုကို စားပေးပါ။ ဥပမာ ဂျင်းရှောက်လိုပြီး အစာကြော ဆေးတောင့်ကို ကားမူးနေတဲ့ အချိန်မှာ စားပေးရပါမယ်

- အစိုဓာတ်မပါတဲ့ မုန့်ခြောက်လိုမျိုး အစားအစာတွေကို စားပေးထားတာ အစာအိမ်ကထွက်လာတဲ့ အက်စစ်တွေကို စုပ်ယူပေးနိုင်လို့ ကားမူးတာကို သက်သာစေနိုင်ပါတယ်။

- ကားမူးလာတဲ့ အခါ လက်ကောက်ဝတ်ကို (၁၀) မိနစ်လောက်ဖိထားလိုက်ရင်လည်း ကားမူးတာကို သက်သာစေပါတယ်။

ကားနဲ့ ခရီးသွားတဲ့ သူတွေက ကားမစီးခင် အဆီများတဲ့ အစားအစာတွေကိုလည်း မစားသင့်ကို ဗိုက်ကိုလည်း ပြည့်တင်းအောင့် မစားသင့်ပါဘူး။ ကားစီးတဲ့ အခါ အာရုံစိုက်ရစေတဲ့ ဖုန်းသုံးတာနဲ့ စာဖတ်တာတွေကို မလုပ်သင့်ပါဘူး။ အထက်မှာ ဖော်ပြထားတဲ့ နည်းလေးတွေနဲ့ ကားမမူးအောင် ကာကွယ်လို့ရနိုင်ပါတယ်။

Source: ဆေးမြီးတို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။