ဂျောင်ဂျီဟွန်း နဲ့လီမင်ဟိုတို့က သူတို့ နှစ်ယောက် အသစ်ရိုက်မယ့် ဒရာမာအတွက် စပိန် နဲ့ ပလောင်းတို့ကို ခရီးသွားမယ်လို့ သတင်းရပါတယ်။

ဩဂုတ်လ ၁၂ရက်နေ့မှာ တော့ အတွင်သူတစ်ယောက်ကနေပြီးတော့ 'SBS ရုပ်သံလှိုင်းက အသစ်ရိုက်မယ့် 'Legend of the Blue Sea' ရုပ်ရှင်ဒရာမာ အတွက် သူတို့နှစ်ယောက်က စပိန် နဲ့ ပလောင်း ကိုသွားမှာပါ' လို့ပြောကြားခဲ့ပါတယ်။

ထိုသူကပဲ 'သူတို့နှစယောက် က ပလောင်းကို ဩဂုတ်လကုန်ပိုင်းလောက်နဲ့ စပိန်ကိုတော့ စကတင်လာ လလောက်မှာ သွာမှာဖြစ်ပါတယ်။ ဒရာမာရဲ့ နာမည်ထဲမှာ Blue Sea လို့ပါတဲ့အတိုင်း ပြာလဲ့တဲ့ ပင်လယ်ကမ်းခြေတွေ ပါမှာမို့လို့ overseas သွာရခြင်းဖြစ်ပါတယ်' လို့လဲဆိုပါတယ်။

နိုင်ငံခြားမှာသွားရိုက်မှာ ဖြစ်တဲ့အတွက်ကုန်ကျစရိတ်ဟာ နည်းမှာမဟုတ်တဲ့ အပြင် ရိုးရိုးဒရာမာအတွက် အဲ့ဒီလိုမျိုးသွာရိုက်လေ့ရိုက်ထမရှိပါဘူး။ အဲ့ဒီ ဒရာမာ ရဲ့ ထုတ်လုပ်သူ ပရိုဂျူဆာတွေက မင်းသားမင်းသမီး ရွေးချယ်တာကနေစပြီး ဒရာမာ မှာပါတဲ့ ဇာတ်ဝင်ခန်းရူ့ခင်းတွေကို ပါ အသေးစိတ် အားထုတ်နေတာကို တွေ့ရတဲ့ အတွက် လူတော်တော်များများ ရဲ့ စိတ်ဝင်စားမှုကိုလဲ ရယူနေပါတယ်။

ထိုကားထဲမှာဂျောင်ဂျီဟွန်း ဟာဆိုရင် ဆိုလ်မြို့ကို ရောက်လာတဲ့ ရေသူမ နေရာ က နေ သရုပ်ဆောင်မှာဖြစ်ပြီး လီမင်ဟိုဟာဆိုရင်တော့ အဲ့ဒီရေသူမ ကို ကြိုက်သွားတဲ့ လူလိမ်တစ်ယောက် အနေဖြင့် ပါဝင်ကြမှာဖြစ်ပါတယ်။

ဒီဒရာမာဟာဆိုရင် အထက်မှာဖော်ပြတဲ့ အတိုင်းပဲ လူတော်တော်များများ က စိတ်ဝင်စားနေပြီး မပြခင်ကတည်းက အောင်မြင်နေတယ်လို့လဲပြောလို့ရပါတယ်။ City Hunter က ဒရိုက်တာနဲ့ My Love Who Came From Star က စာရေးဆရာမရဲ့ ပေါင်းစပ်မှုတို့ ကလဲ နာမည်ကြီးရတဲ့ အကြောင်းအရင်းထဲက တစ်ခုဖြစ်ပါတယ်။

ထိုဒရာမာရဲ့ ဇာတ်လမ်းဟာလဲ တခြားဇာတ်လမ်းတွေနဲ့ မတူပဲ ရေသူမအကြောင်းကိုရိုက်ထားတဲ့ အပြင် ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင် ပုံပြင်စာအုပ်ထဲက ပထမဦးဆုံး အချစ်ဇာတ်လမ်းကို ဒရာမာအနေနဲ့ ပြန်လည်အသက်သွင်းတာကိုတွေ့ရမှာပါ။ ဂျိုဆွန်းခေတ်က အကြောင်းကို ရိုက်ထားတဲ့အတွက်ဘယ်လောက်ထိထူးခြားမလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်။

'Legend of the Blue Sea' က နိုဝင်ဘာလောက်မှာစလွှင့်မှာဖြစ်ပါတယ်။

translated by Anna

Source: soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။