အောက်တိုဘာလ ၉ရက်နေ့မှာပြုလုပ်မဲ့ မိဘမဲ့ကလေးတွေ အတွက်ရန်ပုံငွေပွဲ မှာမိမိတို့ တစ်တပ်တစ်အားကနေ ဝိုင်းဝန်းကူညီသွားမဲ့ မိတ်ကပ်ခင်စန်းဝင်းနှင့် အဆိုတော်မိစန္ဒီ နှင့်အခြားအနုပညာရှင်များ....

အနုပညာရှင်တော်တော်များများဟာ ယခုနောက်ပိုင်းမှာဆိုရင်ပရဟိတလုပ်ငန်းတွေမှာ တတပ်တအား ဝိုင်းဝန်းပြီး ကူညီကြပါတယ်။ အောက်တိုဘာလ ၉ရက်နေ့ ကန်တော်ကြီးမှာပြုလုပ်မယ့် A Space Charity Activities ထဲမှာပါဝင်တဲ့ ရန်ပုံငွေပွဲလေးတစ်ပွဲ မှာ ခင်စန်းဝင်း၊ မိစန္ဒီနှင့် အတူ အခြားအနုပညာရှင်ပေါင်းများစွာပါဝင်ကူညီမယ်လို့သိရပါတယ်။

ထိုပွဲ ဟာ မိဘမဲ့ကလေးတွေ အတွက်ပြုလုပ်တဲ့ ရန်ပုံငွေပွဲ တစ်ပွဲဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေအားလုံးကို မိဘမဲ့ ဂေဟာတွေမှာ လှူဒါန်းမယ်လို့သိရပါတယ်။ ပစ္စည်းတွေလဲရောင်းမယ့်အပြင် ဖျော်ဖြေရေးတွေရော ကစားနည်းတွေပါ ပါဝင်တဲ့ ဒီပွဲမှာ ခင်စန်းဝင်းက သူမရဲ့ နာမည်ကြီးတဲ့ celebrity အသုပ်ကိုလဲ လာစားဖို့ ဖိတ်ခေါ်ထားပါတယ်။ မြန်မြန်ကုန်သွားမှာဆိုးလို့ စောစော လာပြီးစားဖို့တော့ လိုတယ်နော်လို့ပြောထားပါသေးတယ်။

မိစန္ဒီကလဲ သူမရဲ့ My Boo collection က ပစ်တိုင်းထောင်အရုပ်ကို ရောင်းမှာဖြစ်ပြီး ရရှိလာတဲလ အမြတ်တွေကို လှူဒါန်းမှာပါလို့လဲပြောသွားပါသေးတယ်။ ထိုနှစ်ယောက်အပြင် အိပ်မက်ဆုံရာ ရာသက်ပန်က အောင်ပိုင်နှင့် လဖိုင်နန်းရော်တို့လဲပါဝင်အားဖြည့်သွားမယ်လို့သိရပါတယ်။

90's kids team က ကစားနည်းတွေဦးစီးမှာဆိုတော့ အမိုက်စားပဲနေမှာနော်။ ထိုရန်ပုံငွေ ပွဲအကြောင်းသိချင်ရင် Facebook က A_Space Charity Activities ဆိုတဲ့ ပေ့ချ်စာမျက်နှာမှာဝင်ကြည့်လို့ရပါတယ်။

ကယ် ကစားဖို့ အဆင်သင့်ဖြစ်ပြီလား?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။