YG ကနေ 2NE1 အဖွဲ့ပြီးတော့ နောက်ထပ်ထွက်လာမဲ့ အဖွဲ့အသစ် အကြောင်းကို ၂၀၁၃ လောက်ထဲက ပြောနေတာဖြစ်ပါတယ်။ ၂၀၁၆ မှာတော့ ပါပါး YG က ဇူလိုင်လတွင် အဖွဲ့ အသစ်ထပ်ထွက်မယ်လို့ ဂျာနယ်တွေ၊ သတင်းတွေ ကနေတဆင့် အတည်ပြုကြေငြာခဲ့ပါတယ်။ ထိုကဲ့သို့သတင်း အတည် မထွက်ခင်ကထဲက ထပ်ထွက်လာမဲ့ အဖွဲ့ ရဲ့ အဖွဲ့ဝင်တွေက ဘယ်လိုမျိုးလူတွေဖြစ်မယ်ဆိုတာကို စိတ်ဝင်စားနေကြတဲ့အပြင် ကောလဟာလတွေ အရလဲ အဖွဲ့ဝင်တွေရဲ့ ရုပ်ရည်တွေက သာမန်မဟုတ် ဘူးလို့လဲပြောကြပါတယ်။ ယန်ရောင်းဆောက် ကြီးကတော့ အဖွဲအသစ်ဟာဆိုရင် သူမတူအောင်အရမ်းချောမောလှပတဲ့ ဟစ်ဟော့မိန်းကလေးအဖွဲ့ကို မြင်တွေ့ရမှာဖြစ်တယ်လို့ပြောပါတယ်။

အခုဆိုရင်တော့ ထိုအဖွဲ့က အနုပညာလျှောက်လှမ်းကို တရားဝင် ဝင်ရောက်လို့လာပြီဖြစ်သလို သူတို့အဖွဲ့ရဲ့ သီချင်းအသစ်နှစ်ပုဒ်ဖြစ်တဲ့ 'BOMBAYAH' (ဘွန်ဘားရား) နဲ့ 'WHISTLE' ဟာဆိုရင်လဲ ကမ႓ာအနှံ့ အလွန်ကိုအောင်မြင်နေပါပြီ။ အဖွဲ့နာမည်ကို 'BLACK PINK' မည်းနေသောပန်းရောင်လို့ပြီးတော့ ပါပါး YG ပြောထားတဲ့ အတိုင်း အဖွဲ့ဝင်တွေကလဲ အလွန်ချောမောလှပတဲ့သူတွေဖြစ်ပါတယ်။ အဖွဲ့ထဲတွင်စုစုပေါင်း လေးယောက်ပါဝင်ပြီး နာမည်တွေကတော့ ဂျန်နီ၊ လီဆာ၊ ဂျီဆူး၊ ရို့စ် တို့ဖြစ်ပါတယ်။

BLACK PINK ထဲကအဖွဲ့ဝင်တစ်ယောက်ချင်းစီတွေရဲ့ကိုယ်ရေးအကျင်းကို တစ်ခုချင်းစီပြသွားပါမယ်နော်။

BLACK PINK အဖွဲ့ ပရိုဖိုင်

ဂျန်နီ

အမည် - Jennie (Jennie Kim)

မွေးနေ့ - ဇန်နဝါရီလ ၁၆, ၁၉၉၆

အရပ် - ၁၆၃ cm

လူမျိုး - ကိုရီးယား

ဘာသာစကား - ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်

ထရိန်နင် ကြာချိန် - ၅နှစ် နဲ့ ၁၁လ (၂၀၁၀ ဩဂုတ်မှစ၍)

အဖွဲ့မထွက်ခင်လုပ်ခဲ့သည့် အနုပညာလှုပ်ရှားမှုမျာ - ဂျီဒရပ်ဂွန်ရဲ့ That XX' သီချင်းဗီဒီယိုတွင်သရုပ်ဆောင်ခြင်း၊ ဂျီဒီရဲ့ 'Black' တွင် feature လိုက်ပေးခြင်း အပြင် လီဟိုင်းရဲ့ 'Special' နဲ့ ဆောင်းရီ ရဲ့ GG။

လီဆာ

အမည် - Lisa (Lisa Manoban)

မွေးနေ့ - မတ်လ ၂၇, ၁၉၉၇

အရပ် - ၁၆၇ cm

လူမျိုး - ထိုင်း

ဘာသာစကား - ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်၊ ထိုင်း

ထိရိနိနင် ကြာချိန် - ၅နှစ် နဲ့ သုံးလ (၂၀၁၁ အေပရယ်)

အဖွဲ့မထွက်ခင်လုပ်ခဲ့သည့် အနုပညာလှုပ်ရှားမှုမျာ - အိုင်ကွန်နဲ့ အတူ နိုနာဂုံ ရဲ့ မော်ဒယ်၊ 'We Zaa Coolဆိုတဲ့ ထိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် ငယ်ငယ်တုန်းက ပါဝင်ခဲ့ပါတယ်။

ဂျီဆူး

အမည် - Jisoo (Kim Jisoo)

မွေးနေ့ - ဩဂုတ် 21,1995

အရပ် - ၁၆၂ cm

လူမျိုး - ကိုရီးယား

ဘာသာစကား - ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်၊ ထိုင်း

ထရိန်နင် ကြာချိန် - ၅နှစ် (၂၀၁၁ ဇူလိုင်)

အဖွဲ့မထွက်ခင်လုပ်ခဲ့သည့် အနုပညာလှုပ်ရှားမှုမျာ - အက်ပစ်ဟိုက်ရဲ့ 'Happen Ending' သီချင်းဗီဒီယို တွင် သရုပ်ဆောင်ခြင်း၊ 'ပရိုဂျူဆာ မမလေး' ဒရာမာကားတွင် ဒါရာနဲ့ အတူဧည့်သည်သရုပ်ဆောင်ခြင်း၊ ကြော်ငြာတွေရိုက်ခြင်း။

ရို့စ်

အမည် - Rose (Park ChaeYoung)

မွေးနေ့ - ဖေဖော်ဝါရီလ ၁၁, ၁၉၉၇

အရပ် - ၁၆၈ cm

လူမျိုး - ကိုရီးယား , နယူးဇီလန်

ဘာသာစကား - ကိုရီးယား၊ အင်္ဂလိပ်၊ ဂျပန်

ထရိန်နင် ကြာချိန် - ၄ နှစ်နဲ့ ၂လ (၂၀၁၄ မေ)

အဖွဲ့မထွက်ခင်လုပ်ခဲ့သည့် အနုပညာလှုပ်ရှားမှုမျာ - YG မိသားစု ဩစတေးလျ တွင်ပြိုင်ပွဲဝင်ခဲ့ခြင်း၊ ဂျီဒီရဲ့ 'Without You' တွင် feature လိုက်ပေးသော ရိုစန်နီ၊ ရိုစီ ဟုလဲ လူသိများပါတယ်။

translated by Anna

Source: kpop-map

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။