ချစ်ပရိတ်သတ်ကြီးရေ Myanmar Idol ရဲ့ Presenter ကြီး ကျော်ထက်အောင်ကို ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူဟာ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးတာလည်းတွေ့ရပါတယ်။
ကျော်ထက်အောင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့လေးဟာ အစ်ကိုအောင်ရဲ့ မွေးနေ့ ရက်မြတ်လေးဖြစ်သလို သူပါဝင်သရုပ်ဆောင်ထားတဲ့ "ချူဆီ" ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ခဲ့တဲ့ နေ့လေးလည်းဖြစ်ပါတယ်။သူရဲ့မွေးနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေ မိတ်ဆွေသူငယ်ချင်း အနုပညာမောင်နှမတွေနဲ့အတူ မွေးနေ့လေးကျင်းပခဲ့တာဖြစ်ပြီး သူကိုယ်တိုင်သီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ကွီးအောင်တို့ကတော့ မထင်ရဘူးနော် ဆိုတက် ကတက်လိုက်တာ..........။
မွေးနေ့မတိုင်ခင်ထဲက မွေးနေ့အကြို အမှတ်တရလက်ဆောင်တွေကို သူရဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ ပရိသတ်တွေက ပေးခဲ့ကြတယ်လို့လည်းသိရပါတယ်။အစ်ကိုအောင်ကတော့ သူရဲ့စာမျက်နှာပေါ်တွင် "မွေးနေ့လက်ဆောင်ပေးခြင်း သည်းခံပါ ချူဆီ အားပေးရင်ကျေနပ်ပါပြီ"လို့ဖော်ပြထားတာတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် အစ်ကိုအောင်ရဲ့ မွေးနေ့အမှတ်တရ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။
Source:Kyaw Htet Aung
photo credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။