ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေအတူ ရိုက်ကူးရင်း အချစ်ပိုလာခဲ့ကာ ချစ်သူအဆင့်ကို ရောက်ရှိခဲ့တဲ့သူတို့နှစ်ဦးက ဝေဖန်မှုတွေကြားက အချစ်တွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အမြဲလိုလို ချစ်တဲ့အကြောင်းလေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပြီး ရွှေမှုန်စားချင်တဲ့ ဝေဖာသုတ်လေးကို ဝယ်ပေးခဲ့တဲ့အကြောင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

ရွှေရွှေ စုံတွဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ချစ်သူ စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျအောင် ရိုနိုင်လွန်းတဲ့ စုံတွဲလေးပါပဲ..။ တစ်ယောက်ကိုတစ်ယောက် နားလည်အလိုလိုက်မှုတွေနဲ့ လိုက်ဖက်ညီညီ ချစ်ကြတဲ့သူတို့ စုံတွဲလေးရဲ့ အချစ်ရေးလေးကတော့ ဝန်းရံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တိုက်ခိုက်မှုတွေနဲ့လည်း ရှိနေခဲ့ပါတယ်။မည်သို့ပင်ဆိုစေကာမူ အသက် ၂၆နှစ်ပြောင်းသွားခဲ့ပြီဖြစ်တဲ့ ရွှေထူး တစ်ယောက် မွေးနေ့မှာ ချစ်သူနဲ့ အတူ မွေးနေ့အလှူကို ဖြတ်သန်းခဲ့တာလည်းတွေ့ရပါတယ် ။

လတ်တလောမှာတော့ ရွှေမှုန်ဟာ သူချစ်သူမွေးနေ့ အမှတ်တရပုံလးတွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေထဲမှာ ချစ်သူကို ကလေးတစ်ယောက်လို အမြဲအရိပ်တကြည့်ကြည့်နဲ့ ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ snap ပုံလေးတွေကိုပါ ဖော်ပြထားတာတွေ့ရပါတယ်။ထိုပုံလေးတွေနဲ့ အတူ''You need all my love You got all my love by way ကြွားလိုက်ဦးမယ် အဲ့အိတ်လေးက သူ့ဒုတိယမြောက် လက်ဆောင် thx babe"ဆိုတဲ့ စာလေးပါ ဖော်ပြထားတာကို ပရိသတ်တွေတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Shwe Mhone Yati

Photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။