အနုပညာလောကမှာ နိုင်ငံကျော်သရုပ်ဆောင် လွင်မိုးရဲ့သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ အသက် ၁၉နှစ်မှာ ချစ်သူနဲ့လက်ထပ်ခဲ့ကာ အခုဆိုရင် သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း ပရိတ်သတ်တွေ တစ်ခဲနက် အားပေးမှုခံထားရတဲ့ သူလေးလည်းဖြစ်ပါတယ်။ချစ်စရာဟန်ပန် အမှုအရာလေးတွေရယ် အပြုံးလေးတွေကလည်း ယောကျာ်းလေးပရိတ်သတ်တွေကို ကြွေစေခဲ့တာဖြစ်ပါတယ်။

ယွန်းလေးကတော့ မကြာသေးခင်အချိန်ကမှ သားလေး Liam ရဲ့ပုံလေးတွေကို ပရိသတ်တွေကို ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သူမရဲ့ instagramကနေ သားလေး Liam နဲ့ အတူ ကြည်နူးပျော်ရွှင်နေကြတဲ့ ဖွားဖွားနှစ်ယောက်ရဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။Liam လေးကတော့ ဖွားဖွား နှစ်ယောက်ရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်တာဖြစ်ပြီး မိသားစုရဲ့ အသည်းကျော်လေးဖြစ်နေတာလည်းဖြစ်ပါတယ်။အမေတူသားလေးက ချစ်စရာကောင်းနေလိုက်တာ ဖိုဖိုးနဲ့ဖွားဖွားတို့ကလည်း သည်းသည်းလှုပ်အောင် ချစ်နေမှာအမှန်ပဲဖြစ်ပါတယ်။

သားလေး Liam လေးက အရမ်းချစ်စရာကောင်းပြီး ဖေဖေကောမေမေရဲ့ အလှကိုယ်စီကို ယူထားတာလည်းဖြစ်ပါတယ်။ ယွန်းက ကလေးမွေးပြီးတဲ့အချိန်မှာ သူမရဲ့မိသားစုရော ခင်ပွန်းပါအတူရှိနေပေးခဲ့လို့ သူမအနေနဲ့ အရမ်းပျော်ခဲ့ရတယ်လို့ လည်းပြောပြထားတာတွေ့ရပါတယ်။ကဲ ...ချစ်ပရိသတ်ကြီးတွက် Liamလေးနဲ့ ဖွားးဖွားတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

Source:May Thu Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။