ချစ်ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ ကဗျာဆန်ဆန် စာသားလေးတွေနဲ့ သီချင်းကောင်းလေးတွေကို ရေးစပ်ဖန်တီးလေ့ရှိတာကြောင့် လူငယ်ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေတွေပါ ထွက်ရှိအောင်မြင်ခဲ့တဲ့ ရွှေထူးက ရှိုးပွဲပေါင်းများစွာမှာ ပါဝင်သီဆိုဖျော်ဖြေနေသူလည်း ဖြစ်ပါတယ်။ အသံကောင်းပြီး ရုပ်လည်းချောတဲ့ ရွှေထူးက သူရဲ့သီချင်းဗီဒီယိုတွေမှာ ကိုယ်တိုင်သရုပ်ဆောင်တဲ့အပြင် မင်းသားအဖြစ်လည်း ရုပ်ရှင်တွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ 

ရွှေထူးတို့စုံတွဲကတော့ လတ်တလောမှာ ဝေဖန်တိုက်ခိုက်မှုတွေ များပြားနေတာလည်းဖြစ်ပါတယ်။ဒီနေ့လေးကတော့ ရွှေထူးရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပါတယ်။မွေးနေ့လေးမှာ ရွှေမှုန်ကတော့ သူ့ချစ်သူကို တန်ဖိုးကြီး brand လက်ဆောင်တွေနဲ့အတူ suprise လာလုပ်တာဖြစ်ပြီး သူမရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။လက်ဆောင်တွေကလည်း လုံးဝတန်ဖိုးကြီး brandတွေလို့လည်းသိရပါတယ်။အရမ်းကိုပျော်ရွှင်နေကြတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး အပျော်တွေကူးစက်မိတာအမှန်ပါပဲ။ 

ရွှေထူးနဲ့ ရွှေမှုန်ရဲ့ အချစ်ရေးကတော့ လတ်တလောမှာ ဝေဖန်တိုက်ခိုက်မှု မျိုးစုံကြုံတွေ့နေရတဲ့ ကြားထဲက တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေနဲ့ အရမ်း ချစ်နေကြတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ရွှေထူးနဲ့ ရွှေမှုန်ရဲ့ ပျော်ရွှင်စရာ မွေးနေ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe Mhone Yati Live

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။