ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီး မိန်းကလေးအများစုရဲ့ အချစ်တော်ကြီး Beauty Blogger ချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီး အသဲစွဲချစ်ကြမယ်ထင်ပါတယ်။သူမရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဟန် သွက်သွက်လက်လက်နဲ့ အမူအရာဟန်ပန်လေးတွေကြောင့် မိန်းကလေးအများစုရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတာလည်းဖြစ်ပါတယ်။ချီချီဟာ beauty blogger အဖြစ်လူသိများကြော်ကြားလာကာ နောက်ပိုင်းမှာတော့ ကြော်ငြာ ဗီဒီယိုဇာတ်ကားတွေသာမကပဲ ရုပ်ရှင်ဇာတ်ကားများရိုက်ရသည်အထိ အောင်မြင်မှုရရှိလာသူဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်ဟာဆိုရင်လည်း ခေါင်းအစခြေအဆုံး အမြဲအသစ်သစ်တွေ အမိုက်စားတွေနဲ့ မရိုးနိုင်အောင်လန်းနေတာကြောင့်မိန်းကလေးအများစု အားကျနှစ်သက်နေရသူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့သူမရဲ့ ချစ်သူ က slipper စီးချင်တယ်ပြောတာနဲ့ပက်သက်ပြီး LV တံဆိပ် slipper ချက်ချင်းဝယ်ပေးလိုက်တဲ့ပုံလေးနဲ့ အတူ " ချစ်သူက slipper စီးချင်သောအခါ"ဆိုတဲ့စာလေးပါ instagram မှာဖော်ပြထားတာတွေ့ရပါတယ်။ထိုဖိနပ်တံဆိပ်ကတော့ ကမ္ဘာကျော် Louis Vuttion brand ဖြစ်ပြီး တန်ဖိုးကတော့ မြန်မာငွေ ငါးသိန်းဝန်းကျင်ရှိတယ်လို့လည်းသိရပါတယ်။

ချီချီကတော့ သူရဲ့ ချစ်သူကောင်လေးကို ဘယ်လောက်တောင် ချစ်ကြောင်းပြလိုက်တာပဲဖြစ်ပါတယ်။ချီချီတို့ချစ်သူနှစ်ယောက်ကတော့ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတွက် နေခြည်ဦးတို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Nay Chi Oo Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။