ချစ်ပရိသတ်ကြီးရေ အနုပညာလောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်ချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

သူကတော့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ Kiki challenge ကို အများနဲ့ မတူပဲ အမိုက်စားကကွက်တွေနဲ့ ကပြလိုက်တဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးနဲ့အတူ "ကားလမ်းမမှာဆိုရင် ကားတိုက်မှာကြောက်လို့ hotel ပန်း ခြံမှာပဲ Ki Ki လုပ်ကြည့်တာ ကိုယ့်ဟာကိုယ် cardio လုပ်တာသူတို့ရိုက်ပေးပြီးKi Ki ဖြစ်သွားတာ"ဆိုတဲ့စာလေးပါ ဖော်ပြထားတာတွေ့ရပါတယ်။ 

သူကတော့ လတ်တလောမှာ ပြင်သစ်ကိုခရီးထွက်ရှိနေတာဖြစ်ပါတယ်။ခရီးထွက်နေရင်း ထိုဗီဒီယိုလေးကို ရိုက်ကူးလိုက်တာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ဂျွန်လွင်ရဲ့ kiki challenge ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:John Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။