ချစ်ပရိသတ်ကြီးရဲ့ အသည်းကျော်လေး ချမ်းမြေ့မောင်ချိုလေးကတော့ ယခုမှာ အနပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီးကြော်ငြာတွေကိုလဲ ရိုက်ကူးနေပြီလို့သိရပါတယ်။မောင်ချိုလေးကတော့ အနပညာလမ်းကြောင်းအပါ် စတင်ခြေလမ်းလှမ်းလိုက်ပြီပဲဖြစ်ပြီး ချစ်ပရိသတိတွေကလဲ ချမ်းမြေ့မောင်ချိုရဲ့ ပထမဆုံးအနပညာလုပ်ရှားမှုလေးဖြစ်တဲ့ ကြော်ငြာလေးကို မြင်တွေ့ချင်နေကြပြီဖြစ်ပါတယ်။ 

ချမ်းမြေ့မောင်ချိုနဲ့ ပက်သက်ပြီး လတ်တလောမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပက်သက်ပြီး မိခင်ဖြစ်သူ အိအိကလည်း စိတ်ပူပန်သောကရောက်ကာ စိတ်ညစ်နေရကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။သူမလုပ်ကြံခံနေရတဲ့ ပုံတွေနဲ့ အတူ "ကျမကို ထပ်ပြီး လုပ်ကြံနေပြန်ပြီ.. ကြည့်ကြပါအုံး ..ဟိုတခါ မုန့်ဟင်းခါး ကိစ္စလဲ ခုလို လုပ်ကြံကြတာနေမှာပါ"ဆိုတဲ့ စာလေးဖော်ပြထားတာတွေ့ရပါတယ်။ 

သူမကတော့ ထိုကိစ္စတွေနဲ့ ပက်သက်ပြီး အရမ်းစိတ်သောကရောက်ကာ ပူပန်နေရတယ်လို့လည်းပြောပြထားပါတယ်။ပထမတစ်ကြိမ်လည်း မုန့်ဟင်းခါးကိစ္စကလည်း ခုလိုပဲလုပ်ကြံခံရတာဖြစ်မယ်လို့လည်း သူမခံစားချက်ကို ဖွင့်ဟပြောပြထားပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက်မောင်ချို မေမေရဲ့ ခံစားချက်လေးတွေကို သူရဲ့စာမျက်နှာမှတစ်ဆင့် ပရိသတ်ကြီး ကြည့်ရူ့ရအောင် မျှဝေပေးလိုက်ပါတယ်။

Source:Ei Ei 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။