ချစ်ပရိသတ်ကြီးရေ အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကို ပရိတ်သတ်တွေ အခုချိန်ထိချစ်နေကြအုံးမှာပါ။တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များလာကာ ယနေ့ချိန်ထိကိုအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေအချစ်တော်ဖြစ်တဲ့ခင်လှိုင်ရဲ့ ဟာသဇာတ်ဝင်ခန်း အချို့ဟာဆိုရင်လည်းရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ 

ခင်လှိုင်ကတော့ အခုရက်ပိုင်းတွေမှာ အနုပညာလုပ်တွေ ဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် သူလိုချင်နေတဲ့ ပန်းချီကားကြီးကို ပန်းချီဆရာ ဗျာဒိတ်က အိမ်ထိအရောက်လာကာ အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ပုံရိပ်လေးတွေနဲ့ အတူ" ဒီနေ့ကျွန်တော့် အိမ်ထိရောက်အောင်လာပြီး ကျွန်တော်လိုချင်လို့ ပူစာထားခဲ့တဲ့ ပန်းချီကားလေးကို မှတ်မှတ်လက်ဆောင်လာပေးခဲ့တဲ့ ပန်းချီဆရာ ဗျာဒိတ် ချစ်ညီလေး ကျေးဇူးအထူးတင်ပါတယ်"ဆိုတဲ့စာသားလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ 

ခင်လှိုင်ကတော့သူလိုချင်နေတဲ့ ပန်ချီးကားကြီးကိုမထင်မှတ်ပဲ လက်ဆောင်ရလိုက်လို့ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ခင်လှိုင်ရဲ့လက်ဆောင်ရထားတဲ့ ပန်ချီးကားကြီးနဲ့အတူ အမှတ်တရပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ခင်လှိုင်လည်း ဒီထက်မကအောင်မြင်မှုတွေ ပိုင်ဆိုင်ရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။