ချစ်ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးကြီးဖြစ်တဲ့ ခိုင်သင်းကြည်ကိုတော့ ချစ်ပရိတ်သတ်ကြီးရဲ့ ရင်ထဲမှာအမြဲရှိနေမှာပါ။မခိုင်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ စွယ်စုံရ မင်းသမီးဖြစ်ကာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုတွေ ပိုင်ဆိုင်ထားကာ ပရိတ်သတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာရထားတာလည်းဖြစ်ပါတယ်။ 

မခိုင်ကတော့ သူမတင် ထူးချွန်သာမကပဲ သမီးလေးဖြစ်သူ စံထိပ်ထားကိုပါ လက်တွဲခေါ်နိုင်သူလည်းဖြစ်ပါတယ်။မခိုင်လေးကတော့ သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း မိသားစု စုံစုံလင်လင် ကျိုက်ထီးရိုးကို အပန်းဖြေ ခရီးထွက်နေတဲ့ အမှတ်တရပုံရိပ်များကို ဖော်ပြထားတာတွေ့ရပါတယ်။မခိုင်လေးတို့ရဲ့ မိသားစု ပုံရိပ်လေးတွေကိုကြည့်ရူ့ပြီး အပျော်တွေကူးစက်ကာ ကြည်နူးမိတာ အမှန်ပဲဖြစ်ပါတယ်။  

မခိုင်လေးတို့ သားအမိနှစ်ယောက်လုံး ချစ်စရာကောင်းပြီး ပွင့်ပွင်းလင်းလင်းပြောဆိုတက်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေကြတာလည်းဖြစ်ပါတယ်။ကဲ.....ချစ်ပရိတ်ကြီးတွကို မခိုင်လေးတို့ မိသားစု စုံစုံလင်လင် ခရီးသွားနေတဲ့ အမှတ်တရပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။