ချစ်ပရိတ်သတ်ကြီးရေ အဆိုတော် မင်းသမီးချောလေး ချစ်သုဝေကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားပြီး အမွှာသမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေမို့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ရုပ်ရှင် ဇာတ်ကားများတွင်လည်း ကျရောက် ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိတ်သတ်တွေရဲ့ အချစ်ကိုခိုင်ခိုင်မာမာ ရရှိထားသူလည်းဖြစ်ပါတယ်။

သူမကတော့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေသာမက ခေတ်လေးသစ်လေးတို့ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်နဲ့ ပုံရိပ်လေးတွေပါ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ တရုတ်ပြည်နယ် ရှန်ဟိုင်းမြို့ကို ရောက်ရှိတုန်းက ရိုက်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။သူမကတော့ အမြဲလို ကလေးတစ်ယောက်လို ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ ပရိတ်သတ်တွေကို အမြဲအချစ်ပိုစေသူလေးဖြစ်ပါတယ်။

ချစ်သုဝေကတော့ အခုချိန်ထိကို အပျိုလေးရှုံးအောင် နုပျိုလှပကာ အမြဲတမ်း ချစ်စရာကောင်းနေတာလည်း သူမရဲ့ အလှတရားလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိတ်သတ်ကြီးတွက် ကလေးတစ်ယာက်လို အမြဲ ချစ်စရာကောင်းနေတဲ့ အဆိုတော် မင်းသမီးချောလေး ချစ်သုဝေရဲ့ တရုတ်ပြည်နယ် ရှန်ဟိုင်းမြို့မှာ လျှောက်လည်ရင်း ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာပါတယ်နော်။

Source:Chit Thu Wai 

Photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။