ချစ်ပရိတ်သတ်ကြီးရေ မကြာခင်ကမှ ချစ်သူတွေဖြစ်သွားကြတဲ့ မြန်မာပြည်ရဲ့ နာမည်ကြီးအနုပညာရှင်နှစ်ဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ရွှေရွှေချင်းထပ် မြတ်တယ်ဆိုတဲ့အတိုင်း နာမည်ကြီး ထိပ်တန်းအနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ကတော့ ချစ်သူတွေဖြစ်နေကြောင်းကို မကြာမှီက သူတို့ရဲ့ လူမှုစာမျက်နှာတွေကဆင့် တစ်ချိန်ထဲ အတူ တရားဝင်ချပြခဲ့တာတွေ့ရပါတယ်။ 

ရွှေမှုန်ကတော့ လတ်တလောမှာတော့ သူရဲ့ My Day လေးမှာ သူမ အရမ်းစားချင်နေတဲ့ ဝေဖာယိုသုတ် မုန့်လေးကို ရန်ကုန်မြို့ပတ်ကာ ရှာဝယ်ကျွေးခဲ့တယ်ဆိုတဲ့ စာလေးနဲ့ အတူ ပုံလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ရွှေထူးကတော့ အရမ်းတွေရိုနေတာ အားကျစရာပဲနော်။ရွှေမူန်ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီး တစ်လက်ဖြစ်သလို အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ သူမရဲ့ အချစ်ရေးသတင်းတွေကတော့ လတ်တလော လူမှုစာမျက်နှာထက်မှာ ပျံ့နှံ့လို့နေတာလည်းဖြစ်ပါတယ်။

ရွှေမှုန်ဟာ မကြာသေးခင်က သူမဖေ့ဘွတ်အကောင့်ကို ခဏပိတ်ထားခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ ပြန်လည်အသုံးပြုနေတာလည်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရ သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေလည်းရှိနေသလို အားပေးတဲ့ပရိသတ်တွေလည်း ရှိလို့နေတာ တွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ရွှေမှုန်နဲ့ ရွှေထူးတို့ရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ 

Source:Shwe Mhone Yati

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။