ချစ်ပရိသတ်ကြီးရေ အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကို ပရိတ်သတ်တွေ အခုချိန်ထိချစ်နေကြအုံးမှာပါ။တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များလာကာ ယနေ့ချိန်ထိကိုအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေအချစ်တော်ဖြစ်တဲ့ခင်လှိုင်ရဲ့ ဟာသဇာတ်ဝင်ခန်း အချို့ဟာဆိုရင်လည်းရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။

ခင်လှိုင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူကတော့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များနဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်များကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ရေကုသိုလ် အသင်း ရဲ့ ဒုတိယ ရေတွင်းအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ ပြုနေတဲ့ အလှူ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ထို ရေတွင်းအောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာကို မန္တလေးတိုင်းမတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာတွင်ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

တကယ်ကို လေးစား အားကျကောင်းလိုက်တဲ့ အလှူမင်္ဂလာလေးပဲနော် ပရိတ်သတ်ကြီးရေ။ဒီထက်မကလည်း လှူနိုင်ပါစေလည်းဆုတောင်းပေးလိုက်ပါတယ်။ကဲ...ချစ်ပရိတ်သတ်ကြီးတွက် ခင်လှိုင်ရဲ့ အလှူအမှတ်တရ ပုံရိပ်များကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ခင်လှိုင်လည်း ဒီထက်မကအောင်မြင်မှုတွေ ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ 

Source:Khin Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။