ချစ်ပရိတ်သတ်ကြီးရေ စိုးညီမတွေထဲက ပရိတ်သတ်အချစ်တော်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ ပရိတ်သတ်တွေရဲ့ အချစ်ကို အခိုင်အမာ ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။ဒါဒါလို့ ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမရဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားများကလည်း နာမည်ကျော်ကြားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ 

လတ်တလောမှာတော့ သူမတို့ ညီအမလေးယောက်ပေါင်းပြီး အောက်တိုဘာလ ထဲမှာ ပိုးထည် ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဆိုင်ဖွင့်ဖို့ ကိစ္စအတွက် သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြပါတယ်။မကြာခင်ကလည်း ဒါဒါဟာ ညီအစ်မသုံးယောက် ပုံလေးနဲ့အတူ "ဆိုင်မှာ Decoration လုပ်နေတာ ကြည့်ရင်း ချိတ် ဒီဇိုင်း တွေ ရွေးနေကြတယ်"ဆိုတဲ့ စာလေးတင်ကာ ဆိုင်တွက် တိုင်ပင်ဆွေးနွေးနေကြတဲ့ ပုံလေးတွေ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါဒါတို့ ညီအမတွေကတော့ အသစ်ဖွင့်မဲ့ ပိုးထည်ဆိုင်လေးအတွက် စိတ်လှုပ်ရှားပြီး ပျော်ရွင်နေကြတာလည်းတွေ့ရပါတယ်။ကဲ ချစ်ပရိတ်သတ်ကြီးတွကို စိုးမြတ်နန္ဒာတို့ ညီအစ်မ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ဒါဒါတို့ဆိုင်လေးလည်း အမြန်ဆုံး ဖွင့်လှစ်နိုင်ပြီးအောင်မြင်ပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Soe Myat Nandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။