ချစ်ပရိတ်သတ်ကြီးရေ နာမည်ကြီးသရုပ်ဆောင် ဝါရင့်မင်းသမီးကြီး ခိုင်နှင်းဝေကို ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များခဲ့တာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပီပြင် သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ် အခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။

သူမကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေနည်းပါလာကာ ပရဟိတလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွှက်နေတာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ရိုးသားဖြူစင်လွန်းတဲ့ သားအမိနှစ်ယောက်ထံသွားရောက်ကာ "သားအမိနှစ်ယောက်ထဲရုန်းကန်ရပ်တည်နေရတဲ့ဘဝမို့ကိုယ်ချင်းစာမိပါတယ်။ ဘဝပေးကုသိုလ်ကံကြောင့်သမီးလေးကညဏ်ရည်ချို့တဲ့ပေမဲ့သိပ်ရိုးသားတယ်။မိခင်အပြင်ထွက်ပိုက်ဆံရှာနေရတော့သမီးလေးအစော်ကားခံရတယ်။ ဒီလိုမျိုးထပ်မဖြစ်ရလေအောင် အိမ်ဆိုင်လေးတည်ပေးခဲ့တယ်။ ကျမကိုရွာလူကြီးတွေနဲ့အုပ်ချုပ်ရေးမှုးတွေရဲ့ဖိတ်ခေါ်မှုကြောင့်ဒီနေ့သူတို့အိမ်လေးကို အသင်းရဲ့ နာယက မမ, လေးလေး,JD တို့နဲ့အတူသွားရောက်ကြည့်ရူခဲ့ပါတယ်ရှင်။အခုဆို သူတို့သားအမိ ပူပင်စရာမလိုပဲ ရပ်တည်နိုင်ပါပြီ။ ရှေ့ဆက်ပြီးလဲတတ်စွမ်းသလောက်ကူညီပေးမယ်လို့ကတိပြုရင်း ကလေးတွေအားလုံးအတွက် ကျမ ကြိုးစားပါဦးမယ်"စာလေးနဲ့အတူ အမှတ်တရပုံရိပ်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။

မင်းသမီးကြီး ခိုင်နှင်းဝေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားအားကျစရာကောင်းပြီး အတုယူစရာ ကောင်းလိုက်တာနော် ပရိတ်သတ်ကြီးရေ။ဒီထက်မကလည်း ပရဟိတ လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲ...ချစ်ပရိတ်သတ်တွေတွက်လည်း ခိုင်နှင်းဝေရဲ့ အလှူလေးကိုမျှဝေပေးလိုက်ပါတယ်။

Source:Khine Hnin Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။