ချစ်ပရိသတ်ကြီးရေ အနုပညာလောကမှာ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကို ပရိတ်သတ်တွေ အခုချိန်ထိချစ်နေကြအုံးမှာပါ။တစ်ခေတ်တစ်ချိန်ထဲက နာမည်ကျော်ကြား လူကြိုက်များလာကာ ယနေ့ချိန်ထိကိုအောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တာလည်းဖြစ်ပါတယ်။ပရိတ်သတ်တွေအချစ်တော်ဖြစ်တဲ့ခင်လှိုင်ရဲ့ ဟာသဇာတ်ဝင်ခန်း အချို့ဟာဆိုရင်လည်းရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။
ခင်လှိုင်ကတော့ အခုရက်ပိုင်းတွေမှာ အနုပညာလုပ်တွေ ဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် "ကျေးဇူးအထူးတင်ပါတယ် ချစ်ညီလေး တီတီနှင့် ချစ်ညီမလေးအူဝဲရေ ဒီနေ့စိတ်ထဲအလိုမကြတာတွေ များလွန်းလို့ စိတ်တွေရှုပ်နေတဲ့ အချိန်မှာ ချစ်ညီလေးတီတီဖုန်းဆက်ပြီး အိမ်လာခဲ့ပါလား ကိုကြီးရေ ဆိုပြီးလှမ်းခေါ်လို့သွားတာ အိမ်ရောက်တော့ ကျွန်တော်အတွက် GOLF set လက်ဆောင်ပေးတာဗျာ ကျွန်တော်ပျော်လွန်းလို့ စိတ်ညစ်တာတွေ အကုန်ပျောက်ရော"ဆိုတဲ့စာလေးနဲ့အတူ အမှတ်တရ ရိုက်ထားတဲ့ပုံလေးပါဖော်ပြထားတာတွေ့ရပါတယ်။
စေတနာကောင်းတဲ့ချစ်ညီလေး ထာဝရအောင်မြင် ပျော်ရွှင်သော မိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းထားတာလည်းတွေ့ရပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် ခင်လှိုင်ရဲ့ စာလေးနဲ့အတူ သူတို့ရဲ့အမှတ်တရ ပုံလေးတွေကို ပါမျှဝေပေးလိုက်ပါတယ်။
Source:Khin Hlaing
Photo credit
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။