ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်ကိုတော့ ချစ်ပရိသတ်တွေ ချစ်ကြမယ်ထင်ပါတယ်။သူမကတော့ အောင်မြင်တဲ့အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Myanmar Idol ပြိုင်ပွဲတလျှောက်လုံးမှာ ဖြိုးမြတ်အောင်ကို အမှန်အကန်အားပေးခဲ့တဲ့ ဘေဘီမောင်ကတော့ လတ်တလောမှာ ဖြိုးမြတ်အောင် Live ဗီဒီယိုလေးမှာ "တူတူလှူရအောင်"ဆိုတဲ့ ကောမန့်လေး မန့်ခဲ့တာကိုတွေ့ရပါတယ်။ဖြိုးမြတ်အောင် ဘုရားတင်မယ့်အကြောင်းနဲ့ တစ်ခြားပျက်ဆီးယိုယွင်းနေတာတွေကိုပါ ပြုပြင်ရင် နောက်ထပ်အလှူရှင်တွေ လိုနေကြောင်းပြောကြားတာနဲ့ ပက်သက်ပြီး ဘေဘီမောင်ကပါ ပါဝင်လှူဒါန်းရန် ကောမန့်ပေးခဲ့တာလေးပဲဖြစ်ပါတယ်။

သူမရဲ့ အလှူဒါနရက်ရောတဲ့ စိတ်လေးကတော့ လေးစား အားကျစရာကောင်းလိုက်တာနော် ချစ်ပရိသတ်ကြီး။ဘေဘီမောင်ကတော့ သူရဲ့ အမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ကဲ.....ချစ်ပရိသတ်ကြီးတွက် ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။

Source:Baby Maung & Phyo Myat Aung

Photo credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။