မိန်းကလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။ 

သူကတော့ အနုပညာ အလုပ်တွေဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။တိုင်ရွန်ကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်များကိုဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာကိုဖွက်ထားတာ "SHE လို့ရလား အဖြေမှန်ရင် မုန့်ဝယ်ကျွေးမယ်" ဆိုတဲ့ စာလေးနဲ့ အတူ စနောက်ကာဖော်ပြထားတာတွေ့ရပါတယ်။သူရဲ့ ပရိတ်သတ်တွေကလည်း ကောမန့်မှာပြန်လည်စနောက်ကာဖြေကြားထားတာတွေလည်းတွေ့ရပါတယ်။ 

တိုင်ရွန်ကတော့ အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွကို တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေကဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။