ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး လူမင်းကိုတော့ ပရိတ်သတ်ကြီး ခုချိန်ထိ အားပေးချစ်ခင်နေအုံးမယ်ထင်ပါတယ်။လူမင်းကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့ အန်ကယ်လေးလို့ လည်းခေါ်ကြတာတွေ့ရပါတယ်။လူမင်းဟာ သရုပ်ဆောင်ပိုင်းမှာလည်း မည်သည့်ဇာတ်ရုပ်ကိုမဆို ပီပြင်အောင်သရုပ်ဆောင်တက်ပြီး အနုပညာလောကမှာ ဘက်စုံအရည်းချင်းရှိတဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေ အသဲစွဲဖြစ်နေရခြင်းဖြစ်ပါတယ်။လူမင်းကတော့ ချစ်စရာကောင်းတဲ့ သာသားလေးနဲ့ မီးမီးလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ 

လူမင်းဟာ အနုပညာလုပ်ငန်းမှာ အောင်မြင်ရုံသာမကပဲ စိတ်ထားကောင်းတဲ့ ဇနီးချောလေးရယ် ချစ်စရာ သားသားနဲ့မီးမီးလေးတို့နဲ့အတူ သာယာအေးချမ်းတဲ့ မိသားသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။အန်ကယ်လေးကတော့ မိသားစုအမှတ်တရပုံရိပ်လေးတွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း မမကိုစိတ်ကောက်နေတဲ့ မောင်လေးကို မမကချော့နေတဲ့ မောင်နှမနှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေကို ဖော်ပြထားပါတယ်။ 

မောင်နှမနှစ်ယောက်လုံးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ရူ့ပြီး ကြည်နူးမိတာလည်းအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် အန်ကယ်လေးရဲ့ သားသားနဲ့မီးမီးပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း အန်ကယ်လေးရဲ့ အနုပညာလုပ်ငန်းများကို ပရိတ်သတ်ကြီးက ဆက်လက်အားပေးလိုက်ပါအုံးနော်။ဒီထက်မကလည်း အောင်မြင်မှုတွေ ရရှိပြီးအေးချမ်းတဲ့ မိသားစုလေးကို ထာဝရပိုင်ဆိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Ayarwaddy Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။